Connect with us

Eastern Europe

စစ်တပ်ဂိမ်းများပြိုင်ပွဲဝင်ရန် နိုင်ငံပေါင်း ၂၂ နိုင်ငံမှ စစ်သား ၁၂ဝဝ ကျော် ရုရှားနိုင်ငံသို့ရောက်ရှိလာ

၂ဝ၁၆ ခုနှစ်တွင် ကျင်းပခဲ့သည့် စစ်တပ်ဂိမ်းများပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမြင်ကွင်းအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ၌ ဇူလိုင် လကုန်ပိုင်းတွင် ကျင်းပမည့် နှစ်ပတ်လည် စစ်တပ်ဂိမ်းများပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၂၂ နိုင်ငံမှ စစ်သားပေါင်း ၁၂ဝဝ ကျော်သည် ရုရှားနိုင်ငံသို့ရောက်ရှိလာကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယနေ့(ဇူလိုင် ၂၄ ရက်)တွင် ပြောကြားခဲ့သည်။

အဇာဘိုင်ဂျန် ၊ အာမေးနီးယား ၊ ဘယ်လာရုစ် ၊ တရုတ် ၊ အီဂျစ် ၊ အိန္ဒိယ ၊ တောင်အာဖရိက နှင့် အခြား နိုင်ငံပေါင်းများစွာမှ အသင်းသားများသည် ဇူလိုင်လ ၂၉ ရက် မှ သြဂုတ်လ ၁၂ ရက်အထိ ကျင်းပမည့် ၂ဝ၁၇ ခုနှစ် နိုင်ငံတကာစစ်တပ်ဂိမ်းများပြိုင်ပွဲ၏ ပြိုင်ပွဲမျိုးစုံတွင် ပါဝင်ယှဉ်ပြိုင်ရန် အသင့်အနေထားရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

စစ်တပ်ဂိမ်းများပြိုင်ပွဲကို ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ၂ဝ၁၅ ခုနှစ်တွင် ပထမဆုံးအကြိမ် စတင်ကျင်းပခဲ့သည်။ ယခုနှစ်ပြိုင်ပွဲကို ရုရှားနိုင်ငံ နှင့်အတူ အာဇာဘိုင်ဂျန်၊ဘယ်လာရုစ်၊ကာဇက်စတန် နှင့် တရုတ်နိုင်ငံများက ပူးပေါင်းကျင်းပသွားမည်ဖြစ်သည်။ရုရှားနိုင်ငံ၌ ကျင်းပမည့် စစ်တပ်ဂိမ်းများ ပြိုင်ပွဲတွင် တင့်ကားပြိုင်ပွဲ ၊ စစ်ဆေးတပ်သား အပြေးပြိုင်ပွဲ ၊ စစ်တပ်ကင်းထောက်စွမ်းရည်ပြိုင်ပွဲ နှင့် စစ်မြေပြင် အချက်အပြုတ်ပြိုင်ပွဲများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.