Eastern Europe
ပိုလန်နိုင်ငံ၌ အခမ်းအနားစင်မြင့်တစ်ခုပေါ်တွင် မြို့တော်ဝန် ဓားထိုးခံရ

ဝါဆော ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
ပိုလန်နိုင်ငံ မြောက်ပိုင်းရှိ Gdansk မြို့၌ ဇန်နဝါရီ ၁၁ ရက် ညနေပိုင်းက ကျင်းပသော လူမှုအကျိုးပြု အခမ်းအနားတစ်ခုတွင် ယင်းမြို့၏ မြို့တော်ဝန် ပေါဝဲလ်အက်ဒမ်မိုဗစ်( Pawel Adamowicz)သည် စင်မြင့်ထက်၌ မိန့်ခွန်းပြောကြားနေစဉ် လူတစ်ဦး၏ ဓားထိုးခြင်း ခံလိုက် ရကြောင်း သိရသည်။
ဓားထိုးခံရသော မြို့တော်ဝန်ကို ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်း နှင့် ဒဏ်ရာမှာ စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေကြောင်း သိရသည်။(Xinhua)
Continue Reading