Connect with us

Eastern Europe

ပူတင်က ရုရှား-ဂျပန် ဆက်ဆံရေးတွင် ပါဝင်ဆောင်ရွက်ခဲ့မှုများအတွက် အာဘေး အား ကျေးဇူးတင်ကြောင်းပြောကြား 

ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင် ( ယာ) နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ် ရှင်ဇိုအာဘေး(ဝဲ) တို့ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၂၂ ရက်က ရုရှားနိုင်ငံ မော်စကိုမြို့၌ တွေ့ဆုံစဉ်(ဆင်ဟွာ)

မော်စကို ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံသမ္မတ ဗလာတီမာပူတင်က ဂျပန်နိုင်ငံဝန်ကြီးချုပ်ရှင်ဇိုအာဘေးထံ ဖုန်းဆက်၍ ရုရှား-ဂျပန် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ပေးခဲ့သည့် ၎င်း၏ လုပ်ဆောင်ချက်များအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံဝန်ကြီးချုပ် အာဘေးက သမ္မတပူတင်နှင့်အတူ နှစ်ပေါင်းများစွာ အပြုသဘောဆောင်သည့် အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခဲ့မှုအတွက် အလွန်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု ရုရှားနိုင်ငံသမ္မတနန်းတော်(ကရင်မလင်နန်းတော်)၏ ထုတ်ပြန်ချက်တစ်စောင်တွင် ဖော်ပြထားသည်။

ပူတင် နှင့် အာဘေးတို့သည် ရုရှား နှင့် ဂျပန် နှစ်နိုင်ငံအကြား အာရှ-ပစိဖိတ်ဒေသတစ်ခုလုံး လုံခြုံရေး နှင့် တည်ငြိမ်အေးချမ်းရေးအပြင် နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားအတွက် အိမ်နီးချင်းကောင်းများအဖြစ် ဆက်လက်ကြိုးပမ်းအားထုတ်သွားရန် အလွန်အရေးကြီးကြောင်း  အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ပြီးခဲ့သော ဩဂုတ် ၂၈ ရက်တွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးသည် ၎င်း၏ ကျန်းမာရေးကိစ္စအကြောင်းပြချက်ဖြင့် ရာထူးမှ နုတ်ထွက်ရန် ကြေညာခဲ့ကြောင်း သိရသည်။  (Xinhua)