Connect with us

Eastern Europe

အိန္ဒိယအတွက် ဖရီးဂိတ်စစ်သင်္ဘော ၄ စင်းတည်ဆောက်ပေးရန် ရုရှားက သဘောတူလက်မှတ်ရေးထိုး

ရုရှားနိုင်ငံရေတပ်မှ ဖရီးဂိတ်စစ်သင်္ဘောတစ်စင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

မော်စကို ၊ နိုဝင်ဘာ ၂၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံနှင့်အိန္ဒိယနိုင်ငံတို့သည် အိန္ဒိယရေတပ်အတွက် ဖရီးဂိတ်စစ်သင်္ဘော ၄ စင်းတည်ဆောက်ပေးရန် သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း ရုရှားနိုင်ငံ စစ်တပ် နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုတပ်ဖွဲ့၏ပြောကြားချက်ကို ကိုးကား၍ ရုရှားမီဒီယာက နိုဝင်ဘာ ၂ဝ ရက်တွင် ရေးသားဖော်ပြခဲ့သည်။

“ ဒါဟာ ရုရှား-အိန္ဒိယ စစ်တပ်ချင်း နှင့် နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု ဖွံ့ဖြိုးရေးအတွက် အခြားအရေးပါတဲ့ ဖြစ်စဉ်တစ်ခုပါပဲ” ဟု ပြည်ထောင်စုတပ်ဖွဲ့၏ ထုတ်ပြန်ချက်တစ်စောင်တွင် ရေးသားထားပြီး အသေးစိတ်အချက်အလက်များကိုမူ ဖော်ပြထားခြင်းမရှိပေ။

အိန္ဒိယသတင်းဌာနက နိုဝင်ဘာ ၂ဝ ရက် အစောပိုင်းတွင် ရေးသားရာ၌ ရုရှားနိုင်ငံမှ နည်းပညာလွှဲပြောင်းပေးခြင်းနှင့်အတူ Admiral Grigorovich – အတန်းအစား Project ၁၁၃၅၆ ဖရီးဂိတ် စစ်သင်္ဘော နှစ်စင်း တည်ဆောက်ပေးရန် အမေရိကန်ဒေါ်လာသန်း ၅ဝဝ တန်ဖိုးရှိ သဘောတူညီမှုစာချုပ်တစ်ခုကို ရုရှားနိုင်ငံပိုင် စစ်လက်နက်တင်ပို့ရေး Rosoboronexport နှင့် အိန္ဒိယနိုင်ငံ၏ Goa Shipyard လီမီတက်တို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်ဒေါ်လာ ၁ ဘီလီယံနီးပါး တန်ဖိုးရှိ ရုရှားနိုင်ငံမှ အခြားစစ်သင်္ဘောနှစ်စင်းကို တင်သွင်းရန် နောက်ထပ်သဘောတူစာချုပ်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ကြောင်း ၊ အဆိုပါ သင်္ဘောနှစ်စင်းကို ရုရှားနိုင်ငံ၏ Kaliningrad တွင် Yantar သင်္ဘောကျင်း၌ တည်ဆောက်ပေးသွားမည်ဖြစ်ကြောင်း နှင့် ၎င်းသင်္ဘောများကို အိန္ဒိယရေတပ်သို့၂ဝ၂၂-၂ဝ၂၃ ခုနှစ်အတွင်း လွှဲပြောင်းပေးသွားမည်ဟု မျှော်လင့်ကြောင်း သိရသည်။

၂ဝ၁၂-၂ဝ၁၃ ခုနှစ်က အိန္ဒိယရေတပ်အတွက် Project ၁၁၃၅၆ ဖရီးဂိတ် စစ်သင်္ဘော သုံးစင်းကို ရုရှားနိုင်ငံက တည်ဆောက်ပေးခဲ့သည်။ အဆိုပါ ဖရီးဂိတ်စစ်သင်္ဘောများမှာ လေကြောင်းပစ်မှတ်များ နှင့် ရန်သူသင်္ဘောများ နှစ်မျိုးစလုံးကို ပစ်ခတ်နိုင်စွမ်းရှိသည့် ဘက်စုံသုံး စစ်သင်္ဘောများဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.