Connect with us

Europe

ရုရှားနိုင်ငံတွင် စာသင်ကျောင်းပစ်ခတ်မှုအတွင်း တိုက်ခိုက်သူတစ်ဦး အပါအဝင် လူ ၁၁ ဦးသေဆုံး

မော်စကို၊ မေ ၁၂ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံ ကာဇန်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် မေ ၁၁ ရက်၌ တိုက်ခိုက်သူနှစ်ဦးက ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကလေးငယ် ၉ ဦး အပါအဝင် လူ ၁၁ ဦးထက်မနည်းသေဆုံးပြီး အခြားသူ ၃၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ပြစ်မှုကျူးလွန်သူများအနက် တစ်ဦးကို ထိန်းသိမ်းထားပြီး အခြားသူတစ်ဦးမှာ သေဆုံးသွားကြောင်း TASS သတင်းအေဂျင်စီအရ သိရသည်။
ကလေးများအနက် နှစ်ဦးမှာ စာသင်ကျောင်း၏ တတိယထပ် ပြတင်းပေါက်မှ ခုန်ချပြီးနောက် သေဆုံးခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်သူများအနက် တစ်ဦးမှာ အမှတ် ၁၇၅ ၊ စာသင်ကျောင်း ပင်မဝင်ပေါက်မှတစ်ဆင့် လမ်းလျှောက်လာခဲ့ခြင်း ဖြစ်ပြီး စက်သေနတ်ဖြင့် ချက်ချင်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း TASS က ဆိုသည်။

အစောပိုင်းထွက်ပေါ်လာသည့် သတင်းများအရ ထိန်းသိမ်းခံထားရသောအသက် ၁၇ နှစ်အရွယ် လူငယ်တစ်ဦးသည် စာသင်ကျောင်းရှိ ဆရာမတစ်ဦးနှင့် ကျောင်းသား ၆ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာသို့ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့ဝင်များ စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ကာဇန်မြို့ရှိ ပညာရေးဆိုင်ရာအဖွဲ့အစည်းများအားလုံးတွင်လည်း လုံခြုံရေး ဆောင်ရွက်ချက်များ တင်းကြပ်ထားကြောင်း သိရသည်။ (Xinhua)

…………………………………………

11 dead in Russian school shooting, one attacker killed

MOSCOW, May 11 (Xinhua) — At least 11 people, including nine children, were killed and 32 others were injured after two attackers opened fire at a school in the Russian city of Kazan on Tuesday.
One of the perpetrators has been detained and the other was killed, according to TASS news agency.
Two of the children plunged to death after jumping out of a window on the third floor.
One of the attackers walked through the main entrance of the No. 175 school and immediately fired at random with a machine gun, TASS said.
Earlier reports said that a 17-year-old, who has been detained, shot dead a teacher and six students at the school.
Law enforcement agencies are working at the scene, and security measures have been strengthened at all educational institutions in Kazan. Enditem
Two police officers walk near the building of the confectionery factory “Menshevik” in Moscow, Russia, where a gunman earlier opened fire, on December 27, 2017. (Xinhua/Wu Zhuang