Connect with us

Europe

ရုရှားနိုင်ငံရှိ စာသင်ကျောင်း၌ ဖြစ်ပွားသော ပစ်ခတ်မှုအတွင်း သေဆုံးသူ ၉ ဦးထိ ရှိလာ

မော်စကို ၊ မေ ၁၁ ရက်(ဆင်ဟွာ)

ရုရှားနိုင်ငံ ကာဇန်မြို့ရှိ စာသင်ကျောင်း တစ်ကျောင်း၌ ယနေ့ မေ ၁၁ ရက်တွင် ဖြစ်ပွားသော ပစ်ခတ်မှု အတွင်း သေဆုံးသူ အရေအတွက်မှာ ၉ ဦးထိ ရှိလာခဲ့ကြောင်း နှင့် အခြား ၄ ဦးမှာ ဆေးရုံ၌ ကုသမှု ခံယူနေကြောင်း ဒေသတွင်း မီဒီယာက ဖော်ပြခဲ့သည်။အစောပိုင်း ဖော်ပြမှုများအရ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးသည် စာသင်ကျောင်းအတွင်း ပစ်ခတ်ခဲ့ရာ ဆရာတစ်ဦး နှင့် ကျောင်းသား ၆ ဦး သေဆုံးခဲ့ကြောင်း နှင့် ၎င်းလူငယ်အား ဖမ်းဆီးထိန်းသိမ်းထားပြီး ဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်ပွားရာနေရာတွင် တရားဥပဒေစိုးမိုးရေး တပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း နှင့် ကာဇန်မြို့ရှိ ပညာရေးဆိုင်ရာ အဖွဲ့အစည်းများအားလုံးတွင် လုံခြုံရေးအစီအမံများ တိုးမြှင့်ထားကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)
Death toll rises to 9 in Russian school shooting
MOSCOW, May 11 (Xinhua) — The death toll at a school shooting in the Russian city of Kazan on Tuesday has increased to nine, with four others hospitalized, local media reported.
Earlier reports said that a 17-year-old, who has been detained, shot dead a teacher and six students at the school.
Law enforcement agencies are working at the scene, and security measures have been strengthened at all educational institutions in Kazan. Enditem

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.