Connect with us

Latin America

ကိုလံဘီယာ နိုင်ငံ ရဲအတတ်သင်ကျောင်း ကားဗုံးဖြင့် တိုက်ခိုက်ခံရ သဖြင့် လူ ၈ ဦး သေဆုံး


မက္ကဆီကို စီးတီး ၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ကိုလံဘီယာ နိုင်ငံ မြို့တော် ဘိုဂိုတာ တောင်ပိုင်းရှိ ရဲအတတ်သင်ကျောင်း တစ်ကျောင်း က ဇန်နဝါရီ ၁၇ ရက် ၌ ကားဗုံးဖြင့် တိုက်ခိုက်ခံခဲ့ရပြီး ယနေ့ နံနက်ပိုင်း အချိန်ထိ လူ အနည်းဆုံး ၈ ဦး သေဆုံး ခဲ့ပြီး ဆယ်နှင့်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ကိုလံဘီယာ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ ကားဗုံးဖောက်ခွဲ တိုက်ခိုက်မှု က ဇန်နဝါရီ ၁၇ ရက် ၉ နာရီ ၃၀ မိနစ် ခန့် တွင် General Santander ရဲအတတ်သင်ကျောင်း ၌ ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း ၊ ပေါက်ကွဲစေသည့် ပစ္စည်းများ တင်ဆောင်ထားသည့် ကားတစ်စင်း က ကျောင်းအတွင်း သို့ မောင်းဝင်သွား ခဲ့ကြောင်း ၊ ဗုံးဖောက်ခွဲ မပြုလုပ်ခင် မိနစ်ပိုင်း အချိန် ၌ ကျောင်း အတွင်း ရာထူးပေးအပ်ပွဲ အခမ်းအနား ကျင်းပနေသဖြင့် ၎င်းအခမ်းအနား အား ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ၊ လက်ရှိချိန်တွင် ဒဏ်ရာရရှိသူများအား ဆေးရုံ သို့ အဆက်မပြတ် ပို့ဆောင်နေကြောင်း သိရှိရသည်။

ဇန်နဝါရီ ၁၇ ရက် ၌ ကိုလံဘီယာ နိုင်ငံ ရှိ ရဲအတတ်သင်ကျောင်း တစ်ခု တွင် ကားဗုံးဖြင့် တိုက်ခိုက်ခံရမှု ဖြစ်ပွားစဉ်(ဆင်ဟွာ)

အခင်းဖြစ်ပွား ပြီးနောက် တွင် ကိုလံဘီယာ နိုင်ငံ သမ္မတ က တိုက်ခိုက်သူ အား လက်ရှိချိန်တွင် အတည်ပြု နိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ ကိုလံဘီယာ နိုင်ငံ ပြည်သူလူထု အနေဖြင့် အကြမ်းဖက်ဝါဒ ကို ခိုင်မြဲစွာ ဆန့်ကျင်ပြီး တိုက်ခိုက်မှု ကို အညံ့ခံမည် မဟုတ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။(Xinhua)