Connect with us

WORLD

မက္ကစီကို နိုင်ငံတွင် ၂၄ နာရီ အတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူ ၁၀၀ ကျော် ရှိကြောင်းထုတ်ပြန် 

မက္ကစီကို နိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ရန် ပိုးသတ်ဆေးဖြန်းနေမှု အားတွေ့ရစဉ် (ဆင်ဟွာ)

မက္ကစီကိုစီးတီး၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)

 မက္ကစီကိုနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီ အတွင်း COVID-19 ရောဂါကြောင့် လူ၁၀၀ ကျော် ထပ်မံသေဆုံးခဲ့ရာ၊ တစ်နိုင်ငံလုံးစုစုပေါင်း သေဆုံးသူ ၆၅၀ ဦးရှိလာကြောင်း ကျန်းမာရေးဝန်ကြီးဌာန မှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၁၈ ရက်တွင် ပြောခဲ့သည်။

 COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ၆၂၂ ဦး ရှိပြီး ဧပြီ ၁၈ ရက်အထိ တစ်နိုင်ငံလုံးတွင် ရောဂါကူးစက်ခံရသူပေါင်း ၇,၅၀၀ နီးပါးအထိရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး Hugo Lopez-Gatell ကဆိုသည်။ ရောဂါပိုးပြန့်နှံ့မှုအား ပိုမိုကောင်းမွန်စွာထိန်းချုပ်ရန် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အသွားအလာ ကန့်သတ်ခြင်းအမိန့်ကို မေ ၃၀ ရက်အထိ ထပ်တိုးထားကြောင်း မက္ကဆီကို အစိုးရက ဧပြီ၁၆ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)