Connect with us

Latin America

ဗဟိုအမေရိကမှရွှေ့ပြောင်းသွားလာသူ ၉၈ဦးကို မက္ကဆီကိုနိုင်ငံက ပြည်နှင်ဒဏ်ပေး

မက္ကဆီကိုနယ်စပ်မှ အမေရိကန်နိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းနေသည့် ရွှေ့ပြောင်းသွားလာသူ တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ/Reuters)

မက္ကဆီကို စီးတီး၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

မက္ကဆီကို အမျိုးသားရွှေ့ပြောင်းသွားလာမှုဌာန (INM) သည် အမေရိကန်နိုင်ငံသို့ ဖြတ်ကျော်ဝင်ရောက်ရန် ကြိုးပမ်းမှုကျရှုံးသွားသည့် ဗဟိုအမေရိက ရွှေ့ပြောင်းသွားလာသူ ၉၈ဦးကို ပြည်နှင်ဒဏ်ပေးခဲ့ကြောင်း မက္ကဆီကို အစိုးရက နိုဝင်ဘာ ၂၆ ရက်တွင်ပြောကြားခဲ့သည်။

များစွာသော ယာဉ်တန်းများ နှင့်အတူလိုက်ပါလာသော ရွှေ့ပြောင်းသွားလာသူ ၅၀၀ဦးခန့်သည် နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ရန် နိုဝင်ဘာ ၂၅ ရက်က ကြိုးပမ်းခဲ့၍ အမေရိကန်အာဏာပိုင်များသည် မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်ခဲ့ပြီး နယ်စပ်ဂိတ်အား နာရီပေါင်းများစွာ ပိတ်ထားခဲ့ကြောင်း သိရသည်။

မက္ကဆီကိုနိုင်ငံ ပြည်ထဲရေးဝန်ကြီးက ရွှေ့ပြောင်းသွားလာသူ ၉၈ဦးကို INM သို့ လွှဲပြောင်းပေးခဲ့ပြီး နယ်စပ်ကို တရားမဝင်ဖြတ်ကျော်ရန် ကြိုးပမ်းမှုတွင် ပါဝင်သည့် အခြားသူများကိုလည်း အာဏာပိုင်များက ရှာဖွေနေကြောင်း သိရသည်။

ဗဟိုအမေရိကန်မှရွှေ့ပြောင်းသွားလာသူများသည် မက္ကဆီကို တာဝန်ရှိသူများကို တိုက်ခိုက်ရန်ကြိုးပမ်းကာ လူဝင်မှုကြီးကြပ်ရေးဥပဒေကို ချိုးဖောက်ခဲ့သဖြင့် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

INM က နိုဝင်ဘာ ၂၅ရက်နေ့တွင်ဖြစ်ပွားသကဲ့သို့ အကြမ်းဖက်သည့် လုပ်ဆောင်မှုမျိုးတွင် ပါဝင်သူ မည်သူမဆို ပြည်နှင်ဒဏ်ပေးခံရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရွှေ့ပြောင်းသွားလာသူ ၇,၄၀၀ကျော် သည် လွန်ခဲ့သော ရက်သတ္တပတ်များအတွင်း မက္ကဆီကို နယ်စပ်ပြည်နယ်ဖြစ်သော Baja California ပြည်နယ်သို့ ရောက်ရှိလာကြောင်း ပြည်ထဲရေးဝန်ကြီးဌာနကပြောကြားခဲ့သည်။

Baja California ပြည်နယ် အုပ်ချုပ်ရေးမှူး Francisco Vega က ရွှေ့ပြောင်းသွားလာသူ ကိစ္စရပ်အား နိုင်ငံတော်လုံခြုံရေးကိစ္စတစ်ခုအဖြစ် စဉ်းစားဆုံးဖြတ်ရန် အစိုးရအား တိုက်တွန်းခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.