Connect with us

Asia

ဂျပန်နိုင်ငံ အာအိုမိုရိ စီရင်စုတွင် အင်အား ၅.၉ပမာဏရှိ ငလျင်တစ်ခု လှုပ်ခတ်၊ ပင်လယ်ရေမျက်နှာပြင် ပြောင်းလဲမှု ဖြစ်ပေါ်နိုင်

ငလျင်တိုင်းတာမှု ပုံစံတစ်ခုအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တိုကျို၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

ဂျပန်နိုင်ငံ မြောက်ပိုင်း အာအိုမိုရိစီရင်စု ၏ အရှေ့ကမ်းရိုးတန်းအလွန်တွင် အင်အား ၅.၉ ပမာဏရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသဌာန က နိုဝင်ဘာ ၂၈ ရက်တွင်ပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ မိုးလေဝသဌာန (JMA) ၏ပြောကြားချက်အရ ငလျင်သည် ဒေသစံတော်ချိန် နံနက် ၁၁း၂၃နာရီတွင် မြောက်လတ္တီကျု ၄၁.၃ဒီဂရီ၊ အရှေ့လောင်ဂျီကျု ၁၄၃.၃ဒီဂရီ ရှိ မြေပြင်အနက် အနည်းငယ်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်းသိရသည်။

ကမ်းလွန်တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ကြီးမားသော ထိခိုက်ဒဏ်ရာရရှိမှု နှင့် ပျက်စီးဆုံးရှုံးမှု စာရင်းများ ထွက်ပေါ်လာခြင်းမရှိသော်လည်း ကမ်းရိုးတန်းဒေသများတွင် ပင်လယ်ရေမျက်နှာပြင်ပြောင်းလဲမှု အနည်းငယ် ဖြစ်ပေါ်လာနိုင်ကြောင်း JMA ကပြောကြားခဲ့သည်။

ဂျပန်နိုင်ငံ နျူကလီးယားစောင့်ကြည့်ရေးအဖွဲ့က ငလျင်လှုပ်ခတ်ရာ ဧရိယာများရှိ ၎င်း၏ နျူကလီးယားဓါတ်ပေါင်းဖိုများ၌ တစ်စုံတစ်ရာမူမမှန်မှုများ မရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.