Connect with us

Asia

ရထားလမ်းစစ်ဆေးရေးပူးတွဲခြင်းအတွက် တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့ သဘောတူ

ကိုရီးယားနှစ်နိုင်ငံကြားမှ ရထားလမ်းတစ်နေရာအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဆိုးလ်၊ နိုဝင်ဘာ ၂၈ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံနှင့် မြောက်ကိုရီးယားနိုင်ငံတို့သည် နယ်စပ်ကိုဖြတ်၍ နိုဝင်ဘာလ ၃၀ ရက်မှစတင်ကာ ရထားလမ်းများ ပူးတွဲစစ်ဆေးမှု တစ်ခု လုပ်ဆောင်ရန် သဘောတူခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၈ ရက်တွင် ပြောကြားလိုက်သည်။

ကိုရီးယားကျွန်းဆွယ် အရှေ့ပိုင်းမှ အနောက်ပိုင်းသို့ လက်နက်အင်အားကြီးမားစွာချထားသော နှစ်နိုင်ငံ နယ်စပ်တစ်လျှောက် နယ်စပ်ဖြတ်ကျော် ရထားလမ်းများအား ပူးတွဲစစ်ဆေးမှုသည် နိုဝင်ဘာလ ၃၀ ရက်မှစ၍ ၁၈ ရက်ကြာမြင့်မည်ဖြစ်သည်။

အရှေ့ဘက်ကမ်းရိုးတန်းတစ်လျှောက်ရှိ မြောက်ကိုရီးယား ရထားလမ်း စစ်ဆေးခြင်းသည် စစ်ပြေငြိမ်းခြင်း သဘောတူညီချက်နှင့်အတူ စစ်ရပ်ဆိုင်းခဲ့သည့် ၁၉၅၀-၅၃ ခုနှစ် ကိုရီးယားစစ်ပွဲက ပိုင်းခြားခဲ့သော ကိုရီးယားကျွန်းဆွယ်၌ ပထမဆုံးအကြိမ်ဖြစ်သည်။

အဆိုပါ ကျွန်းဆွယ်သည် စစ်ပြေငြိမ်းခြင်းသဘောတူစာချုပ်ကြောင့် နည်းပညာအရ ယှဉ်ပြိုင်သည့်ပြိုင်ပွဲတစ်ခုအနေဖြင့် ကျန်ရှိနေသည်။

ကိုရီးယားနှစ်နိုင်ငံသည် ပူးတွဲလေ့လာစစ်ဆေးရေးပြုလုပ်ရန် ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းကတည်းက စီစဉ်ထားခဲ့ခြင်းဖြစ်ကြောင်း၊ ကုလသမဂ္ဂကြားခံတပ်က အတည်မပြုခဲ့သည့်အတွက် လေးလခန့် နှောင့်နှေးခဲ့သည်ဟု ဆိုသည်။

ထိုသို့ ပူးတွဲလေ့လာစစ်ဆေးမှုသည် တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့ ပြီးခဲ့သည့် ဧပြီလက ပန်မွန်ဂျုံကျေးရွာ၌ ပထမဆုံး တွေ့ဆုံခဲ့စဉ်အတွင်း ကြေညာခဲ့သည့် ပန်မွန်ဂျုံ ကြေညာစာတမ်း အကောင်အထည်ဖော်ရန် အားထုတ်မှု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.