ဘဂ္ဂဒတ်၊ မေ ၁၇ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတစ်ဝန်း မေ ၁၆ ရက်က သဲမုန်တိုင်းတိုက်ခတ်ခဲ့ရာ လူပေါင်း ၂,၀၀၀ ကျော် အသက်ရှူဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်၍ ဆေးရုံတက်ရောက်ခဲ့ရပြီး လေဆိပ်များ၊ စာသင်ကျောင်းများနှင့် အချို့အစိုးရရုံးများ ပိတ်ထားခဲ့ရကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် တောင်ကိုရီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးသစ် Park Jinနှင့် မေ ၁၆ ရက်က ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
ပေကျင်း ၊ မေ ၁၆ ရက်(ဆင်ဟွာ) တရုတ်မော်တော်ကားအမှတ်တံဆိပ်များသည် ယခုနှစ် ပထမလေးလအတွင်း ရောင်းချရမှုများ တိုးတက်လာခဲ့ကြောင်း စက်မှုလုပ်ငန်းအချက်အလက်များအရ သိရသည်။
ပေကျင်း ၊ မေ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၏ အထည်အလိပ် နှင့် အဝတ်အစား တင်ပို့မှုများမှာ ယခုနှစ် ပထမလေးလအတွင်း တိုးတက်မှုအရှိန်အဟုန်အား ထိန်းသိမ်းထားခဲ့ကြောင်း တရုတ်နိုင်ငံအမျိုးသား အထည်အလိပ် နှင့် အဝတ်အစားကောင်စီက တရုတ်အကောက်ခွန်ဌာန၏ အချက်အလက်ကို ကိုးကား၍ ပြောကြားခဲ့သည်။
ဝါရှင်တန်၊ မေ ၁၆ ရက် (ဆင်ဟွာ) အမေရိကန်-အာဆီယံ ခေါင်းဆောင်များအစည်းအဝေးကို မေ ၁၂ ရက်မှ ၁၃ ရက်ထိ အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်တွင် ကျင်းပခဲ့သည်။ အာဆီယံနိုင်ငံများနှင့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ရေးအတွက် ကန်ဒေါ်လာ သန်း ၁၅၀ အသုံးပြုမည် ဖြစ်ကြောင်း အစည်းအဝေးကာလတွင် အမေရိကန်နိုင်ငံက ကြေညာခဲ့သည်။