ရန်ကုန်၊ မတ် ၃၀ ရက် (ဆင်ဟွာ) သင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း YBS ယာဉ်လိုင်းများ ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆင်ဟွာသို့ ယနေ့ မတ် ၃၀ ရက်တွင်ပြောကြားသည်။
ကိဗ် ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ယူကရိန်းနိုင်ငံ သမ္မတ Volodymyr Zelensky က ၎င်းအနေဖြင့် ယူကရိန်းနိုင်ငံ နှင့် ရုရှားနိုင်ငံတို့အကြား ငြိမ်းချမ်းရေးဆွေးနွေးပွဲက အပြုသဘောဆောင်သည့် လက္ခဏာများကို တွေ့မြင်ရကြောင်း မတ် ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ကုလသမဂ္ဂ၊ မတ် ၃၀ ရက်(ဆင်ဟွာ) ဘက်စုံ ခွဲခြားခြင်းမရှိသည့် ပိတ်ဆို့အရေးယူမှုက လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းသစ်ကို ဖြစ်ပေါ်စေကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ဒုတိယကိုယ်စား သိုက်ပင်းက မတ် ၂၉ ရက် က ယူကရိန်း လူသားချင်းစာနာထောက်ထားရေး လုံခြုံရေးကောင်စီ သုံးသပ်ဆွေးနွေးမှုတွင် ထောက်ပြပြောကြားခဲ့သည်။
ကိဗ်၊ မတ် ၃၀ ရက် (ဆင်ဟွာ) ယူကရိးန်နိုင်ငံ အရှေ့တောင်ပိုင်း မာလ်ကိုလိုင်ဗ်မြို့ရှိ ဒေသန္တရအုပ်ချုပ်ရေးရုံး အဆောက်အအုံအား ရုရှားတပ်ဖွဲ့များက လေကြောင်းတိုက်ခိုက်ခဲ့ရာ လူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး အခြား ၃၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယူကရိန်း ပြည်ထဲရေးဝန်ကြီးဌာနက မတ် ၂၉ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ မတ် ၃၀ ရက် (ဆင်ဟွာ) ရုရှားသမ္မတ ဗလာတီမာပူတင်သည် မတ် ၂၉ ရက်တွင် ပြင်သစ်သမ္မတ မက်ခရွန်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ရာ နှစ်ဖက်စလုံးမှ ထိုနေ့တွင် တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ကျင်းပခဲ့သည့် ရုရှား-ယူကရိန်း အသစ်တစ်ကြိမ် ဆွေးနွေးမှုအပါအဝင် ယူကရိန်းအရေးအပေါ် အမြင်ချင်းဖလှယ်ခဲ့ကြောင်း သိရသည်။