နယူးယောက်၊ မတ် ၂၉ ရက်(ဆင်ဟွာ) သက်ဆိုင်ရာဘက်ပေါင်းစုံက ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားမှု အပစ်ခတ်ရပ်စဲရေး ချက်ချင်းဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က မတ် ၂၈ ရက်တွင် တိုက်တွန်းပြောကြားခဲ့သည်။ ရုရှားနှင့်ယူကရိန်း ကိုယ်စားလှယ်အဖွဲ့များသည် တူရကီနိုင်ငံ အကြီးဆုံးမြို့ ဖြစ်သော အစ္စတန်ဘူလ်မြို့သို့ မတ် ၂၈ ရက်က ရောက်ရှိခဲ့ရာ နှစ်ဖက်...
ဘာလင် ၊ မတ် ၂၉ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက ဓာတ်ငွေ့ပေးပို့မှုများအတွက် ရူဘယ်ငွေကြေးဖြင့် ပေးချေရန် တောင်းဆိုချက်အား ပယ်ချရန် Group of Seven (G7) က သဘောတူခဲ့ကြောင်း ဂျာမနီ ဒုတိယဝန်ကြီးချုပ် Robert Habeck က မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
စကော့ဂျီ ၊ မတ် ၂၉ ရက်(ဆင်ဟွာ) မြောက်မက်ဆီဒိုးနီးယားနိုင်ငံသည် ရုရှားသံတမန် ၅ ဦးအား မကြိုဆိုထိုက်သူများအဖြစ် ကြေညာခဲ့ကြောင်း မြောက်မက်ဆီဒိုးနီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက မတ် ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန်၊ မတ် ၂၉ ရက် (ဆင်ဟွာ) အမျိုးသားစည်း လုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီ နှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့ တို့တွေ့ဆုံဆွေးနွေးခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။
ပေကျင်း၊ မတ် ၂၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ဆားပါး မြို့နယ် ကမ်းရိုးတန်းဒေသ ကမ်းလွန် လေအားလျှပ်စစ်စက်ရုံသည် ယခုနှစ် မတ် ၂၅ ရက်ထိဆိုလျှင် လျှပ်စစ်ဓါတ်အား ကီလိုဝပ်နာရီ ၁ ဘီလီယံကျော် ထုတ်လုပ်ပြီးဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာနေ့စဉ်သတင်းစာက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ယင်းထုတ်လုပ်သည့် လျှပ်စစ်ဓါတ်အားပမာဏသည်...