ရန်ကုန်၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့တွင် ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ နီးကပ်လာသည်နှင့်အမျှ မြန်မာ့လက်ရွေးစင် အားကစားသမားများသည် ကြိုတင်ပြင်ဆင်မှုများကို အရှိန်မြှင့် လုပ်ဆောင်လျက်ရှိပြီး၎င်းတို့၏ စွမ်းရည်များတိုးတက်စေရေးနှင့် ဆုတံဆိပ်များရရှိရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဟန်ကျိုး ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ မကြာမီကျင်းပမည့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွင်း လျှပ်စစ်ဓာတ်အားပေးပို့မှု သေချာစေရေးအတွက် အရေးပေါ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရဿည်။ ယင်းလေ့ကျင့်မှုများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့် အဓိက လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး လမ်းကြောင်းများ အပြင်းအထန်ပျက်စီးမှုများ တုံ့ပြန်ဆောင်ရွက်မှုများအား စမ်းသပ်ခဲ့ကြောင်း သိရသည်။...
ဟန်ကျိုး ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် စေတနာ့ဝန်ထမ်း ၃၇,၆၀၀ သည် အင်အားစုဆောင်းခြင်း ၊ လက်တွေ့လေ့ကျင့်ခြင်း အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးနောက် အားကစားပြိုင်ပွဲတွင် တာဝန်ထမ်းဆောင်ရန် အဆင်သင့်ဖြစ်နေကြပြီ ဖြစ်ကြောင်း သိရသည်။ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲနှင့်အာရှမသန်စွမ်းအားကစားပြိုင်ပွဲအတွက်...
ဖနွမ်းပင် ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံ၌ လေ့ကျင့်ရန် အားကစားသမား ၁၃၆ ဦး ဩဂုတ် ၂၃ ရက်တွင် စေလွှတ်ခဲ့ကြောင်း အကြီးတန်းအားကစားတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ရေကူး...