Connect with us

Media

ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွင်း လျှပ်စစ်ဓာတ်အားပေးပို့မှု သေချာစေရေး အရေးပေါ်လေ့ကျင့်မှုများ ပြုလုပ်

ဟန်ကျိုး ၊ စက်တင်ဘာ ၅ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ဟန်ကျိုးမြို့၌ မကြာမီကျင်းပမည့် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွင်း လျှပ်စစ်ဓာတ်အားပေးပို့မှု သေချာစေရေးအတွက် အရေးပေါ်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရဿည်။

ယင်းလေ့ကျင့်မှုများတွင် သဘာဝဘေးအန္တရာယ်ကြောင့် ဖြစ်ပေါ်နိုင်သည့် အဓိက လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေး လမ်းကြောင်းများ အပြင်းအထန်ပျက်စီးမှုများ တုံ့ပြန်ဆောင်ရွက်မှုများအား စမ်းသပ်ခဲ့ကြောင်း သိရသည်။

သတ်မှတ်ထားသည့်နေရာများတွင် ပြုပြင်ထိန်းသိမ်းရေးပစ္စည်းများ နှင့် ဝန်ထမ်းများအား ပို့ဆောင်ရန် State Grid Zhejiang Electric Power ကုမ္ပဏီဝန်ထမ်းများက ရဟတ်ယာဉ်များ အသုံးပြုခဲ့ကြောင်း သိရသည်။

ဟန်ကျိုးမြို့သည် ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအား ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပသွားမည့် မြို့ငါးမြို့အနက် တစ်မြို့ ဖြစ်သည်။ (Xinhua)

……………………………….
(English Version)
Emergency exercises held to ensure power supply during Hangzhou Asian Games
A series of emergency exercises have been carried out in Huzhou, east China’s Zhejiang Province to ensure power supply during the upcoming Hangzhou Asian Games.
The exercises tested responses to simulated serious damages of key power transmission channels caused by possible natural disasters.
Staff members of State Grid Zhejiang Electric Power Co., Ltd. used helicopters to transfer repair materials and personnel to designated spots.
Huzhou is one of the five cities that will co-host the Hangzhou Asian Games.
Xinhua News Agency correspondents reporting from Huzhou, China.(XHTV)