Connect with us

Media

ကမ္ဘောဒီးယားအားကစားသမားများ ဟန်ကျိုးအာရှအားကစားပြိုင်ပွဲအတွက် တရုတ်နိုင်ငံ၌ လေ့ကျင့်မည်

ဖနွမ်းပင် ၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံသည် တရုတ်နိုင်ငံ ဟန်ကျိုးမြို့၌ ကျင်းပမည့် ၁၉ ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် တရုတ်နိုင်ငံ၌ လေ့ကျင့်ရန် အားကစားသမား ၁၃၆ ဦး ဩဂုတ် ၂၃ ရက်တွင် စေလွှတ်ခဲ့ကြောင်း အကြီးတန်းအားကစားတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

ရေကူး ၊ ဘတ်စကတ်ဘော ၊ ဘော်လီဘော ၊ ကြက်တောင် ၊ နပန်း ၊ ဂျူဒို ၊ စားပွဲတင်တင်းနစ် ၊ ပြေးခုန်ပစ် ၊ ကျွမ်းဘား အပါအဝင် အားကစားနည်း ၁၁ မျိုးမှ အားကစားသမားများက တရုတ်နိုင်ငံ၌ သုံးလကြာ လေ့ကျင့်သွားမည် ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ အမျိုးသားအိုလံပစ်ကော်မတီ၏ အထွေထွေအတွင်းရေးမှူး Vath Chamroeun က ပြောကြားခဲ့သည်။ (Xinhua)

…………………………………….
(English Version)
Cambodian athletes to train in China for Hangzhou Asian Games
Cambodia on Wednesday sent 136 athletes to train in China in preparation for the 19th Asian Games in Hangzhou, a senior sports official said.
Vath Chamroeun, secretary general of the National Olympic Committee of Cambodia, said the athletes across 11 sports including swimming, basketball, volleyball, badminton, wrestling, judo, table tennis, athletics and gymnastics will train in China for three months.
Xinhua News Agency correspondents reporting from Phnom Penh.(XHTV)