နင်ဘို၊မေ ၁၆ ရက်(ဆင်ဟွာ) အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီ ကမ်းလွန်တွင် အရပ်ဖက် သင်္ဘောများအား လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ အမှတ် ၃၈ လုံခြုံရေး အစောင့်အရှောက်စစ်သင်္ဘောအုပ်စုသည် မေ ၁၅ ရက်က တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်(Zhejiang) ၊ Zhoushan စစ်ဘက်ဆိုင်ရာဆိပ်ကမ်းမှ စတင်ထွက်ခွာသွားကြောင်း သိရသည်။
ရှီအန်း၊မေ ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်မြို့တော် ရှီအန်းမြို့(Xi’an)၌ မေ ၁၅ ရက် (စနေနေ့) တွင် ပြီးဆုံးသွားခဲ့သည့် ပဉ္စမကြိမ်မြောက် ပိုးလမ်းမနိုင်ငံတကာပြပွဲတွင် အမေရိကန်ဒေါ်လာ ၁၅၈.၃ ဘီလီယံ(တရုတ်ယွမ် ၂၄.၆ဘီလီယံ) တန်ဖိုးရှိ ရင်နှီးမြှုပ်နှံမှုများအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။
ပေကျင်း၊ မေ ၁၅ ရက်(ဆင်ဟွာ) “ထျန်းဝန်-၁” အာကာသစူးစမ်းလေ့လာရေးယာဉ်သည် မေ ၁၅ ရက် ၇ နာရီ ၁၈ မိနစ်တွင် အင်္ဂါဂြိုဟ်၏ Utopia မြေပြန့်တောင်ပိုင်းရှိ ကြိုတင်ရွေးချယ်ထားသည့်နေရာသို့ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ရာ တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်စူးစမ်းလေ့လာရေးတာဝန်တစ်ခုဖြစ်သည့် မြေပြင်ဆင်းသက်ခြင်းတွင် အောင်မြင်မှု ရရှိခဲ့သည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ...
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား သယ်ဆောင်ထားသော ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) သည် ဂြိုဟ်နီကြီး (အင်္ဂါဂြိုဟ်)ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က မေ ၁၅ ရက် နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့်...
ပေကျင်း၊ မေ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ ပထမဆုံး အင်္ဂါဂြိုဟ်ပေါ်သွားယာဉ်အား သယ်ဆောင်ထားသော ဂြိုဟ်ပေါ်ဆင်းသက်ယာဉ် (lander) သည် အင်္ဂါဂြိုဟ်ပေါ်သို့ ဆင်းသက်နိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာန (CNSA) က မေ ၁၅ ရက် နံနက်ပိုင်း၌ အတည်ပြုပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာဂြိုဟ်မှလွဲ၍...
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် စွမ်းအင်သစ်အသုံးပြုမော်တော်ယာဉ်များ (NEV) ရောင်းအားများမှာ ဈေးကွက်တောင်းဆိုမှု တည်ငြိမ်စွာ ပြန်လည်နာလန်ထူနေသည့်ကြားမှ ပထမလေးလအတွင်း နှစ်အလိုက် တိုးတက်မှု ၂၅၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကြောင်း တရုတ် မော်တော်ကားထုတ်လုပ်ရောင်းချသူများအသင်း၏ အချက်အလက်များ၌ ဖော်ပြထားသည်။ ဇန်နဝါရီလမှ ဧပြီလအတွင်း NEV ရောင်းအားမှာ...
ပေကျင်း၊ မေ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်းရှိ နိုင်ငံများ (CEECs) အကြား ကုန်သွယ်မှုမှာ ၂၀၂၁ ခုနှစ် ပထမသုံးလပတ်အတွင်း ၅၀.၂ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၃၀.၁၃ ဘီလီယံ မြင့်တက်လာခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက မေ ၁၂ ရက်တွင်...
ရှီးအန်း၊ မေ ၁၂ ရက် (ဆင်ဟွာ) တရုတ်-ဥရောပ ကုန်စည်ဝန်ဆောင်မှုသည် နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် မြှင့်တင်ပေးမည်ဖြစ်ကြောင်း မေ ၁၁ ရက်က ဖွင့်လှစ်ခဲ့သော ပဉ္စမအကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာကုန်စည်ပြပွဲမှ ထုတ်ပြန်သည့် သုံးနှစ်တာ လုပ်ငန်းအစီအစဉ်အရ သိရသည်။
ချင်းသောင် ၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ကမ္ဘာ့ခေတ်ရှေ့ပြေး မြေအောက်ရထား ကိုယ်ပိုင်လည်ပတ်မှုစနစ်ကို အောင်မြင်စွာ တီထွင်ထုတ်လုပ်နိုင်ခဲ့ပြီး ယင်းမြေအောက်ရထားအနေဖြင့် ကိုယ်ပိုင်လမ်းကြောင်းမောင်းနှင်ခြင်း ၊ ကိုယ်ပိုင်ကာကွယ်ခြင်း ၊ ကိုယ်ပိုင်ချိန်ညှိမှုဆောင်ရွက်ခြင်း နှင့် အလုံးစုံအလိုအလျောက် မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်နိုင်ကာ အလိုအလျောက်လည်ပတ်မှု မှ ကိုယ်ပိုင်လည်ပတ်မှု သို့...
ပေကျင်း၊ မေ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ပြည်မကြီးရှိ လူဦးရေသည် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ နှစ်စဉ် ပျမ်းမျှ ၀.၅၃ ရာခိုင်နှုန်း မြင့်တက်လျက်ရှိကြောင်း မနှစ်ကကောက်ယူခဲ့သော ခုနှစ်ကြိမ်မြောက် နိုင်ငံ၏သန်းခေါင်စာရင်းအချက်အလက်များကို ကိုးကားလျက် အမျိုးသား စာရင်းအင်းဗျူရို (NBS) က မေ...