Connect with us

Uncategorized

တရုတ်နိုင်ငံက နယ်စပ်ဖြတ်ကျော် e-commerce မြှင့်တင်ရန် ကုန်တင်ရထားဝန်ဆောင်မှု တွန်းအားပေးမည်

ရှီးအန်း၊ မေ ၁၂ ရက် (ဆင်ဟွာ)

တရုတ်-ဥရောပ ကုန်စည်ဝန်ဆောင်မှုသည် နယ်စပ်ဖြတ်ကျော် e-commerce ဖွံ့ဖြိုးတိုးတက်မှုကို လှုံ့ဆော်ရန် မြှင့်တင်ပေးမည်ဖြစ်ကြောင်း မေ ၁၁ ရက်က ဖွင့်လှစ်ခဲ့သော ပဉ္စမအကြိမ်မြောက် ပိုးလမ်းမ နိုင်ငံတကာကုန်စည်ပြပွဲမှ ထုတ်ပြန်သည့် သုံးနှစ်တာ လုပ်ငန်းအစီအစဉ်အရ သိရသည်။
တရုတ်နိုင်ငံသည် နိုင်ငံတကာ ကုန်စည်စီးဆင်းမှု လွယ်ကူစေရန် လမ်းကြောင်းသစ်များစွာ ဖော်ထုတ်ခြင်းနှင့်အတူ တရုတ် ရထားလမ်းအဝေးပြေး (Chang’an) မှတစ်ဆင့် နယ်စပ်ဖြတ်ကျော် e-commerce အတွက် အစိမ်းရောင်ဝန်ဆောင်မှု ယန္တရား တည်ဆောက်သွားမည်ဖြစ်ကြောင်း သုံးနှစ်တာ လုပ်ငန်းအစီအစဉ်၌ ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများအတွက် ကုန်ကျစရိတ် လျှော့ချရာတွင် အထောက်အကူဖြစ်စေရန် ပြည်ပ ကုန်လှောင်ရုံများ တည်ဆောက်နေစဉ် တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့တွင် e-commerce ထုတ်ကုန်များအတွက် အဆောက်အအုံများ တည်ဆောက်ရန် ရည်ရွယ်လျက် နိုင်ငံများအား ပံ့ပိုးရန် ကြိုးပမ်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း လုပ်ငန်းအစီအစဉ်အရ သိရသည်။

အရည်အသွေးရှိသော လေ့ကျင့်မှုအခြေစိုက်များကိုလည်း ရှီးအန်းမြို့နှင့် ပြည်ပတွင် တည်ဆောက်သွားမည်ဖြစ်ကာ ရပ်ဝန်းနှင့် ပိုးလမ်းမတစ်လျှောက်ရှိ နိုင်ငံများအတွက် ပိုမိုအရည်အသွေးရှိသော နယ်ပယ်၌ စတင်ထူထောင်ရန် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
———————————————
(English Version)

China to enhance freight-train service to boost cross-border e-commerce
Source: Xinhua| 2021-05-11 23:51:26|Editor: huaxia
XI’AN, May 11 (Xinhua) — The China-Europe cargo service will be improved to spur the development of cross-border e-commerce, according to a three-year action plan released at the Fifth Silk Road International Exposition that opened on Tuesday.
China will set up a green service mechanism for cross-border e-commerce firms via the China Railway Express (Chang’an), with more new routes developed to facilitate international cargo flows, the plan states.
Efforts will be made to support countries intending to construct pavilions for e-commerce products in Xi’an, capital of northwest China’s Shaanxi Province, while overseas warehouses will be established in a bid to help reduce costs for enterprises, according to the plan.
Talent training bases will be built in Xi’an and abroad to cultivate more talent in the field for countries along the Belt and Road, the plan added. ■
Photo taken on May 11, 2021 shows the opening ceremony of the Fifth Silk Road International Exposition and the Investment and Trade Forum for Cooperation between East and West China in Xi’an, capital of northwest China’s Shaanxi Province. The Fifth Silk Road International Exposition opened Tuesday in Xi’an, with deeper Belt and Road economic cooperation one of the hot topics on agenda. (Xinhua/Zhang Bowen)