Connect with us

Economy

ပိုးလမ်းမနိုင်ငံတကာပြပွဲတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ခဲ့

ရှီအန်း၊မေ ၁၆ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ်မြို့တော် ရှီအန်းမြို့(Xi’an)၌ မေ ၁၅ ရက် (စနေနေ့) တွင် ပြီးဆုံးသွားခဲ့သည့် ပဉ္စမကြိမ်မြောက် ပိုးလမ်းမနိုင်ငံတကာပြပွဲတွင် အမေရိကန်ဒေါ်လာ ၁၅၈.၃ ဘီလီယံ(တရုတ်ယွမ် ၂၄.၆ဘီလီယံ) တန်ဖိုးရှိ ရင်နှီးမြှုပ်နှံမှုများအတွက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူလက်မှတ်များ ရေးထိုးခဲ့ကြကြောင်း သိရသည်။

ပညာရေး ၊ ခေတ်မီစိုက်ပျိုးရေး နှင့် အဆင့်မြင့်နည်းပညာသုံးစက်မှုလုပ်ငန်း နယ်ပယ်များအပါအဝင် အဓိက စီမံကိန်း ၇၂ ခုကို သဘောတူလက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။

ပြပွဲ ၅ ရက်မြောက်နေ့တွင် ဆလိုဗက်ကီးယား ၊ ဘယ်လ်ဂျီယံ ၊ တောင်ကိုရီးယား၊ တာဂျစ်ကစ္စတန် နှင့် ဇမ်ဘီယာ ကဲ့သို့သော ကမ္ဘာ့နိုင်ငံ နှင့် ဒေသပေါင်း ၉၈ ခုမှ လေ့လာသူများ နှင့် ဧည့်ပရိသတ် ၁,၉၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

ပြပွဲတွင် ပါဝင်ကြသူများက ကမ္ဘာပေါ်တွင် COVID-19 ကပ်ရောဂါ ကူးစက်ပျံ့နှံ့မှုများ ရှိနေဆဲမှာပင် အရည်အသွေးမြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ (high-quality B&R) ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်အပေါ် အပြည့်အဝယုံကြည်ကာ နိုင်ငံတကာအသိုက်အဝန်း၏ လက်ချင်းချိတ်တိုးမြှင့်ဆောင်ရွက်မှုဖြင့် စိတ်အားထက်သန်စွာ လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဆိုသည်။

ရပ်ဝန်းနှင့်ပိုးလမ်းမ စီမံကိန်းကို ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံက အဆိုပြုခဲ့ပြီး အာရှ နှင့် ဥရောပ အကြား ကုန်သွယ်ရေး နှင့် အခြေခံအဆောက်အဦ ကွန်ရက်များ ချိတ်ဆက်မှု တည်ဆောက်ရန် နှင့် ရှေးဟောင်းပိုးလမ်းမ ကုန်သွယ်ရေးလမ်းကြောင်းတစ်လျှောက်ရှိ နိုင်ငံများ ဘုံဖွံ့ဖြိုးတိုးတက်ရေး နှင့် အကျိုးစီးပွားဖြစ်ထွန်းရေး ဖော်ဆောင်ရန်အတွက် ရည်ရွယ်ကြောင်း သိရသည်။(Xinhua)

———————————————–
(English Version)

Multi-billion-USD investments inked at Silk Road int’l expo
XI’AN, May 16 (Xinhua) — A host of cooperation deals involving investments of 158.3 billion yuan (24.6 billion U.S. dollars) were signed at the Fifth Silk Road International Exposition, which closed Saturday in Xi’an, capital of northwest China’s Shaanxi Province.
The deals cover 72 key projects in fields including education, modern agriculture and high-tech industry.
The five-day expo has attracted more than 1,900 envoys and guests from 98 countries and regions such as Slovakia, Belgium, the Republic of Korea, Tajikistan and Zambia.
Participants at the expo said that with the COVID-19 pandemic still raging across the globe, the enthusiasm of the international community in jointly promoting high-quality B&R cooperation is tantamount to a resounding vote of confidence in the program.
The Belt and Road Initiative, proposed by China in 2013, aims to build trade and infrastructure networks connecting Asia with Europe and beyond along the ancient Silk Road trade routes for common development and prosperity.
An exhibitor (1st R) introduces his products at the Fifth Silk Road International Exposition in Xi’an, capital of northwest China’s Shaanxi Province, May 11,