Connect with us

Politics, Law & Military

အေဒင်ပင်လယ်ကွေ့တွင် လုံခြုံရေးအစောင့်ရှောက် တာဝန်ထမ်းဆောင်ရန် တရုတ်နိုင်ငံ၏ စစ်သင်္ဘောအုပ်စုသစ် ထွက်ခွာ

နင်ဘို၊မေ ၁၆ ရက်(ဆင်ဟွာ)

အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီ ကမ်းလွန်တွင် အရပ်ဖက် သင်္ဘောများအား လုံခြုံရေးလိုက်ပါစောင့်ရှောက်ပေးရန်အတွက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA) ၏ အမှတ် ၃၈ လုံခြုံရေး အစောင့်အရှောက်စစ်သင်္ဘောအုပ်စုသည် မေ ၁၅ ရက်က တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်(Zhejiang) ၊ Zhoushan စစ်ဘက်ဆိုင်ရာဆိပ်ကမ်းမှ စတင်ထွက်ခွာသွားကြောင်း သိရသည်။ယင်းသင်္ဘောအုပ်စုတွင် ပဲ့ထိန်းဒုံးဖျက်သင်္ဘော Nanjing ၊ ဒုံးကျည်တပ်ဆင်ထားသော ဖရီးဂိတ်စစ်သင်္ဘော Yangzhou နှင့် ထောက်ပံ့ရေးသင်္ဘော Gaoyouhu တို့နှင့်အတူ အထူးစစ်ဆင်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်ပေါင်းများစွာ နှင့် ရဟတ်ယာဉ်နှစ်စင်းလည်း ပါဝင်ကြောင်း သိရသည်။

ယင်းမှာ ပဲ့ထိန်းဒုံးဖျက် Nanjing စစ်သင်္ဘောအတွက် ပထမဆုံးအကြိမ် လုံခြုံရေးလိုက်ပါစောင့်ရှောက်ခြင်းအစီအစဉ်တွင် ပါဝင်လာခဲ့ခြင်းဖြစ်သည်။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အနေဖြင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာတွင် အေဒင်ပင်လယ်ကွေ့ နှင့် ဆိုမာလီကမ်းလွန်းပင်လယ်ပြင်၌ လုံခြုံရေးအစောင့်ရှောက်လိုက်ပါရန်အတွက် စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။(Xinhua)

———————————————–
(English Version)
China’s new naval fleet embarks on escort mission
NINGBO, May 15 (Xinhua) — The 38th escort fleet of the Chinese People’s Liberation Army (PLA) Navy on Saturday left a military port in Zhoushan, east China’s Zhejiang Province, for the Gulf of Aden and waters off Somali to escort civilian ships.
The fleet is composed of the guided-missile destroyer Nanjing, the missile frigate Yangzhou, and supply ship Gaoyouhu, with dozens of special operation soldiers and two helicopters on board.
This is the first time for the Nanjing to join an escort mission.
The PLA Navy began to carry out escort missions in the Gulf of Aden and the waters off Somalia in December 2008. Enditem

Photo- China’s new naval fleet leave Zhoushan, east China’s Zhejiang Province to Gulf of Aden on 15, May.