ချုံချင့်၊ မေ ၁၃ ရက်(ဆင်ဟွာ) ချုံချင့် အဓိကမြို့နေရာမှ ဖူလျင်ခရိုင်ကိုဖြတ်သန်းပြီး စီကျုကို သွားသည့် စီယွီအမြန်လမ်းမကြီးကို ချုံချင့်လူမျိုးများက “မြစ်ကြောင်းနှင့်တူယှဉ်တွဲသည့် အဝေးပြေးအမြန်လမ်းမကြီး”ဟု ခေါ်ဝေါ်ကြသည်။ G50 ရှန်ဟိုင်း-ချုံချင့် အဝေးပြေးအမြန်လမ်းမကြီး၏ အရေးကြီးသည့် အစိတ်အပိုင်းဖြစ်သော စီယွီအမြန်လမ်းမကြီး၏ လမ်းပိုင်းများစွာသည် ယန်ဇီမြစ်နှင့်ကပ်လျက်ရှိကာ မြစ်ကြောင်းနှင့်တူယှဉ်တွဲ၍ အရှေ့ဘက်သို့ သွယ်တန်းထားခြင်း ဖြစ်သည်။...
ချုံချင့်၊ ဖေဖော်ဝါရီ ၁၆ ရက်(ဆင်ဟွာ) COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများကို ကောင်းမွန်ထိရောက်စွာ ပူးပေါင်းဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ပြီး တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ဟော့ပေါ့ဆိုင်အချို့သည် ချုံချင့်မြို့ စီးပွားကူးသန်း ကော်မရှင်နှင့် သက်ဆိုင်ရာဌာနများ၏ လမ်းညွှန်မှုဖြင့် စားသုံးသူများ ဆိုင်လာရန်မလိုဘဲ အသင့်စားသုံးနိုင်ရန် အိမ်အရောက် ဟော့ပေါ့ ပို့ဆောင်ပေးသည့် ဝန်ဆောင်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။