ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး အားထုတ်မှုများအတွက် ကူညီပံ့ပိုးရန် ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရေး စင်းလုံးငှားလေယာဉ် ၃၀၂ စင်း စေလွှတ်ခဲ့ကြောင်း မြို့ပြလေကြောင်း အာဏာပိုင်များအဆိုအရ သိရသည်။
ကွမ်ကျိုး၊ ဖေဖော်ဝါရီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားပြီးနောက် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းစီးတီး၌ ရောက်ရှိနေသောင်တင်နေသော ဟူပေဒေသခံ ၁၃၁ ဦးအား စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော် ဝူဟန့်တွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားပြီးနောက် ပြည်ပ၌ ရောက်ရှိနေသော ဟူပေဒေသခံ ၁၉၉ ဦးအား ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက ပတမအသုတ်အဖြစ် စင်းလုံးငှားလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။