ဂျကာတာ ၊ ဧပြီ ၂၂ ရက်(ဆင်ဟွာ) အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ(ASEAN) အထွေထွေအတွင်းရေးမှူးချုပ် Lim Jock Hoi က ဆေးဘက်ဆိုင်ရာအသုံးအဆောင်များ ထောက်ပံ့ကူညီပေးခဲ့သည့်အတွက် တရုတ်နိုင်ငံအစိုးရအား ကျေးဇူးတင်ရှိကြောင်း နှင့် COVID-19 တိုက်ဖျက်ရေးတွင် အာဆီယံ နှင့် တရုတ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဧပြီ ၂၁ ရက်တွင်...
နန်ကျင်း၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) နှာခေါင်းစည်း အခုရေ သန်း ၂၀ တင်ဆောင်လာသည့် တရုတ်-ဥရောပ ကုန်တင်ရထားတစ်စင်းသည် တရုတ်နိုင်ငံ အရှေ့ပိုင်း စူကျိုးမြို့မှ ဧပြီ ၂၀ ရက်က ထွက်ခွာသွားခဲ့ပြီး ၁၂ ရက်အကြာ၌ မော်စကိုမြို့သို့ ရောက်ရှိမည်ဟု သိရသည်။
ဘဂ္ဂဒက်၊ ဧပြီ ၂၁ ရက် (ဆင်ဟွာ) အီရတ်နိုင်ငံတွင် COVID-19 ဖြစ်ပွားမှု ထိန်းချုပ်ရေးတိုးမြှင့်ရန် တရုတ်နိုင်ငံ၏ ကူညီမှု တစ်စိတ်တစ်ပိုင်းအဖြစ် တတိယအသုတ် ပေးပို့သော ဆေးဘက်ဆိုင်ရာအကူအညီများသည် ဘဂ္ဂဒတ်မြို့သို့ ဧပြီ ၂၀ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဗျူနိုစ်အဲရစ် ၊ ဧပြီ ၂၁ ရက်(ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရန်အတွက် တရုတ်နိုင်ငံမှ ထပ်မံ ကူညီပေးပို့သော ဆေးဘက်ဆိုင်ရာ အထောက်အပံ့ပစ္စည်း ၁၄ တန်ကို အာဂျင်တီးနားနိုင်ငံက လက်ခံရရှိခဲ့ကြောင်း အာဂျင်တီးနားနိုင်ငံ သမ္မတရုံးမှ ဧပြီ ၂၀ ရက်တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
ဒါကာ ၊ ဧပြီ ၂၀ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်လေတပ်(BAF) မှ အထူးလေယာဉ်တစ်စင်းဖြင့်သယ်ဆောင်လာသော တရုတ်နိုင်ငံမှ ကူညီထောက်ပံ့သည့် COVID-19 ရောဂါကာကွယ်ရေး ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း ပြည်တွင်းဝန်ဆောင်မှု ပြည်သူ့ဆက်ဆံရေးဌာန(ISPR) က ဧပြီ ၁၉ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင် (CMC) ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် COVID-19 ကပ်ရောဂါ ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းတွင် လုပ်ဆောင်လျက်ရှိသော စစ်တပ် တပ်ဖွဲ့ဝင်များအားလုံးကို ဂုဏ်ပြုချီးကျူးခြင်းအမိန့်စာတစ်ခုအား လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
ယွီယန်း၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ် ၊ ယွီယန်းမြို့တွင် ဆေးတောင့်ပုံစံ ကုန်ပစ္စည်းသိုလှောင်ရုံကြီး တည်ဆောက်ရေးစီမံကိန်းကို အဆုံးသတ်နေပြီဖြစ်ကြောင်း သိရသည်။
ဒမတ်စကပ်စ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ဆီးရီးယားနိုင်ငံ၏ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကူညီရန် ပထမအသုတ်လှူဒါန်းမှု အဖြစ် COVID-19 စမ်းသပ်ကိရိယာ ၂,၀၁၆ ခုကို ဧပြီ ၁၅ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
အယ်လ်ဂျီးယားစ်၊ ဧပြီ ၁၆ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံတွင် COVID-19 ဖြစ်ပွားစဉ်ကတည်းက ဒုတိယအကြိမ်မြောက် လှူဒါန်းမှုအဖြစ် တရုတ်နိုင်ငံမှ ဆေးပစ္စည်းများ ဧပြီ ၁၅ ရက်က ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ဝူဟန့်၊ ဧပြီ ၁၅ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါဖြစ်ပွားမှု လျော့နည်းလာသဖြင့် တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် မြို့တော်ဝူဟန့်တွင် ယာယီဆေးရုံတစ်ရုံဖြစ်သော လေးဆန်ဆန်းဆေးရုံ၏ လုပ်ငန်းတာဝန်များ ဧပြီ ၁၅ ရက်တွင် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း သိရသည်။