ပေကျင်း၊ ဖေဖော်ဝါရီ ၁၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကုထုံးသစ်ဖြစ်သည့် Convalescent plasma therapy ကို အသုံးပြု၍ ရောဂါပြင်းထန်သော လူနာများအား ကုသခဲ့ရာ အခြေအနေ တိုးတက်မှုရှိလာကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းအားထုတ်မှုများအပေါ် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံရေးပါတီများမှ ခေါင်းဆောင်များက ချီးကျူးကြောင်းနှင့် ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့ကြသည်။
ဝူဟန့်၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်ရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် (COVID-19) ဖြစ်ပွားမှုမြင့်မားသည့် နေရာများအနက် တစ်ခုဖြစ်သော ရှီဆွေနယ်မြေတွင် အချိန် ၇ ရက်အတွင်း ဆေးရုံတစ်ရုံ ပြန်လည်တည်ဆောက်ရန် လျာထားခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ နိုင်ဗယ် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တိုက်ဖျက်မှုအပေါ် ထောက်ခံကြောင်း BRICS အဖွဲ့ ဥက္ကဋ္ဌနိုင်ငံ၏ ကြေညာချက်အတွက် ဂုဏ်ပြုကြောင်း တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကိန်းစွမ်က ဖေဖော်ဝါရီ ၁၂ ရက်တွင် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
နန်ချန်း ၊ ဖေဖော်ဝါရီ ၁၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးလုပ်ဆောင်နေကြသည့် ဆေးဝန်ထမ်းများသည် သီးသန့်လူနာကုသရေးအဆောင်၌ တာဝန်ထမ်းဆောင်ရချိန်တွင် ရောဂါပိုးကူးစက်ခြင်းမှ ကာကွယ်ရန်အလို့ငှာ နှာခေါင်းစည်းများ နှင့် ကိုယ်ခန္ဓာ အကာအကွယ်ဝတ်စုံများကို နာရီပေါင်းများစွာ မချွတ်တမ်းဝတ်ဆင်ထားရကြောင်း သိရသည်။
ခတ္တမန္ဒူ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် နီပေါ နိုင်ငံသားများကလည်း စည်းလုံးမှုရှိစွာ အတူပါရှိကြောင်း ဖော်ပြသည့်အနေဖြင့် နီပေါနိုင်ငံ၊ ခတ္တမန္ဒူမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်က “ကျွန်ုပ်တို့ အတူတကွရှိတယ်” ဟူသော ရည်ရွယ်ချက်ဖြင့် Trans Himalaya ဖွံ့ဖြိုးတိုးတက်မှုစင်တာနှင့်...
ချင်းသောင်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုများက ကမ္ဘာ့သမုဒ္ဒရာရေစီးကြောင်းအရှိန် မြင့်တက်မှုတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက်ကြောင်း တရုတ်နိုင်ငံသား သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ စီးပွားရေးဝန်ကြီးဌာန (MOC) သည် ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း နိုင်ငံခြားရင်းနှီးငွေဖြင့် လုပ်ကိုင်သော စီးပွားရေးလုပ်ငန်းများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများ ထောက်ပံ့ပေးရန် ဒေသခံအာဏာပိုင်များအား ညွှန်ကြားထားကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်သည် မြို့တော် ပေကျင်းရှိ နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ကာကွယ်ရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းသို့ ယနေ့ဖေဖော်ဝါရီ ၁၀ ရက်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ချင်းသောင်၊ ဖေဖော်ဝါရီ ၁၀ ရက် (ဆင်ဟွာ) နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေသည့်ကြားမှ ဘေးကင်းစိတ်ချရသော မင်္ဂလာဆောင်တစ်ခုကို မည်သို့ကျင်းပနိုင်မည်နည်း။ တရုတ်နိုင်ငံသား မင်္ဂလာမောင်နှံနှစ်ဦးက အချိန်နှစ်မိနစ်ခန့်သာ ကြာမြင့်သည့် မင်္ဂလာပွဲကို နှာခေါင်းစည်းများတပ်ဆင်ထားသော လူ ၆ ဦးဖြင့်သာ ကျင်းပခဲ့သည်။