Connect with us

China

တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိကျင်းပသော တရုတ်-အာဆီယံ (အွန်လိုင်း) ကုန်စည်ပြပွဲ မြင်ကွင်းများ နှင့် အကျိုးရလဒ်များ

တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဆိုင်ရာ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ စင်တင်ဘာ ၇ ရက်(ဆင်ဟွာ)

၃၆၅ ရက် တစ်နှစ်ပတ်လုံး ပိတ်ရက်မရှိ ကျင်းပလျက်ရှိသည့် တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) တွင် တရုတ်ကုန်စည်ပြခန်း ၊ အာဆီယံကုန်စည်ပြခန်းဟူ၍ ခွဲခြားဖော်ပြထားသည်ကို ယင်း၏ အွန်လိုင်းစာမျက်နှာမှတစ်ဆင့် ဝင်ရောက်ကြည့်ရှုအားပေးနိုင်သည်။

တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဆိုင်ရာ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဆိုင်ရာ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဆိုင်ရာ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဆိုင်ရာ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ခြင်းဆိုင်ရာ တရုတ်-အာဆီယံကုန်စည်ပြပွဲ (CAEXPO) မြင်ကွင်းများအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်ကုန်စည်ပြခန်းခေါင်းစဉ်အောက်တွင် တရုတ်နိုင်ငံထုတ် စိုက်ပျိုးရေးနှင့်ဘေးထွက်ပစ္စည်း၊ အဆာပြေအစားအစာ၊ ကော်ဖီ၊ လက်ဖက်ခြောက်၊ အရက် စသည့်ကုန်ပစ္စည်းများကို တွေ့မြင်နိုင်သလို အွန်လိုင်း CAEXPO ပလက်ဖောင်းမှတစ်ဆင့် တရုတ်နိုင်ငံ၊ အာဆီယံနိုင်ငံများနှင့် အခြားနိုင်ငံများ၏ ထူးခြားသော ဒေသထွက်ကုန်ပစ္စည်းများကို အွန်လိုင်းမှတစ်ဆင့် အလွယ်တကူဝယ်ယူ ရရှိနိုင်ကြောင်း သိရသည်။

ပြီးခဲ့သော နှစ်တွင် တရုတ်-အာဆီယံ ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှစ် အဖြစ်သတ်မှတ်ကာ “၃၆၅ ရက်ပိတ်ရက်မရှိ CAEXPO” ကို ပထမဆုံးစတင် ကျင်းပနိုင်ခဲ့သည်။

“အွန်လိုင်း” ၏ ငုပ်လျှိုးနေသောစွမ်းအားကို တူးဖော်ရှာဖွေကာ တိုးတက်မှုအသစ် ဖြစ်ပေါ်လာစေခြင်း”
ကပ်ရောဂါရိုက်ခတ်မှုကြောင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ တည်ရှိသည့် Dking ကုမ္ပဏီတာဝန်ခံ Chen Zhiqiang သည် “အွန်လိုင်း” တွင်ရောင်းချသည့်အားကို မြှင့်တင်ခဲ့ရာ CAEXPO အွန်လိုင်းပလက်ဖောင်းမှတစ်ဆင့် ကုမ္ပဏီ၏ ဒူးရင်းသီး ထုတ်ကုန်များကို တရုတ်နိုင်ငံနှင့် အခြားနိုင်ငံများရှိ စျေးကွက်များသို့ အဆက်မပြတ် ရောင်းချနိုင်ခဲ့သည်။

၂၀၂၀ ပြည့် နှစ်တွင် တရုတ်နိုင်ငံ၏ နိုင်ငံဖြတ်ကျော် e-commerce ပို့ကုန်သွင်းကုန်ပမာဏသည် တရုတ်ယွမ်ငွေ ၁.၆၉ ထရီလီယံ ရရှိခဲ့ပြီး ၃၁.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ၊ ယခုနှစ်ပထမနှစ်ဝက်တွင် တရုတ်နိုင်ငံ၏ နိုင်ငံဖြတ်ကျော် e-commerce ပို့ကုန်သွင်းကုန်သည် ကောင်းမွန်သည့် ဖွံ့ဖြိုးတိုးတက်မှု အလား အလာကို ဆက်လက်ထိန်းသိမ်းထားပြီး ပို့ကုန်သွင်းကုန်ပမာဏသည် တရုတ်ယွမ်ငွေ ၈၈၆.၇ ဘီလီယံဖြစ်ကာ ယမန်နှစ်ကာလထက် ၂၈.၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။

CAEXPO အတွင်းရေးမှူးချုပ် Wang Lei က အွန်လိုင်း CAEXPO ပလက်ဖောင်း၌ ပြုလုပ်သည့် နိုင်ငံဖြတ်ကျော် e-commerce ပူးပေါင်းဆောင်ရွက်မှုသည် တရုတ်-အာဆီယံစီးပွားကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွင် တိုးတက်မှုအသစ် ဖြစ်ပေါ်လာစေရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

(၁၇) ကြိမ်မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲတွင် “အော့ဖ်လိုင်းပြပွဲ+အွန်လိုင်းပြပွဲ” ပုံစံကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုကာ တရုတ်နိုင်ငံနှင့် ပြည်တွင်းပြည်ပ ကုမ္ပဏီများအတွက် အွန်လိုင်းတွင်ပြသမှု၊ အွန်လိုင်းဆွေးနွေးမှုနှင့် အစည်းအဝေးများ၊ လိုက်ဖ်လွှင့်၍ ကြော်ငြာခြင်းနှင့် နိုင်ငံဖြတ်ကျော် e-commerce စသည့်လုပ်ဆောင်ချက်များ အခမဲ့ ထောက်ပံ့ပေးခဲ့သည်။

တစ်ချိန်တည်းမှာပင် အွန်လိုင်းနိုင်ငံဖြတ်ကျော် ဝယ်ယူချိတ်ဆက်ပွဲ၊ အွန်လိုင်း ဆယ်လီက လိုက်ဖ်လွှင့်ကုန်ပစ္စည်းရောင်းချခြင်း၊ အာဆီယံကုန်ပစ္စည်း မိတ်ဆက်ပွဲစသည့် ကုန်သွယ်ရေးရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး အခမ်းအနားများကို ကျင်းပခဲ့ကြောင်း သိရသည်။

“အွန်လိုင်းအော့ဖ်လိုင်းအပြန်အလှန်ဖြည့်ဆည်း၍ စီးပွားရေးအခွင့်အလမ်းအသစ်များစွာမျှော်လင့်နေ”
(၁၇) ကြိမ်မြောက် CAEXPO တွင် ကုမ္ပဏီပေါင်း ၁,၉၅၆ ခု အွန်လိုင်းမှတက်ရောက်ပြသခဲ့ပြီး အွန်လိုင်း အစည်းအဝေး ၁၃၅ ခုကျင်းပခဲ့ရာ လုပ်ငန်းပေါင်း ၃,၀၀၀ ကိုချိတ်ဆက်ပေးခဲ့ကြောင်း ၊ အင်တာနက်တစ်ခုလုံးတွင် ထိတွေ့မှုပမာဏ ၁ ဘီလီယံရှိကာ website ဝင်ရောက်ကြည့်ရှုသည့် ပမာဏသည် ၂၀၁.၇ သိန်းရှိခဲ့ကြောင်း သိရသည်။

“တည်ဆောက်လည်ပတ်မှုကို မြှင့်တင်၍ စွမ်းဆောင်ရည်အသစ်များ စုစည်းဖော်ထုတ်ခြင်း”
(၁၈) ကြိမ်မြောက် CAEXPO သည် အွန်လိုင်းအော့ဖ်လိုင်းပေါင်းစပ် ပြသသည့် ပုံစံ အသစ်ကို အဆင့်မြှင့်တင်၍ “အသစ်အဆန်းများတင်ဆက်ကာ” ၃၆၅ ရက် ပိတ်ရက်မရှိသော CAEXPO ကို ဖန်တီး ခဲ့သည်။

CAEXPO ၏ ဗီယက်နမ်မှကြီးမှူးကျင်းပသော ပြခန်းတွင် စတုရန်းမီတာ ၈၀ ရှိသည့် အဝေး ရောက်ပြခန်း ထားရှိရန် စီစဉ်ထားသည်။ ထို့ပြင် အော့ဖ်လိုင်းပြပွဲနှင့်အွန်လိုင်း CAEXPO တွင်တက်ရောက်ပြသရန် မလေးရှားကုမ္ပဏီပေါင်းများစွာကလည်း အမည်စာရင်း ပေးသွင်းထားကြောင်း သိရသည်။

Wang Lei က “မိမိတို့အနေဖြင့် အွန်လိုင်း CAEXPO ၏ တည်ဆောက်လည်ပတ်မှုကို အဆက်မပြတ် တိုးမြှင့်သွားမည်ဖြစ်ပြီး၊ အွန်လိုင်း CAEXPO ၏လုပ်ဆောင်ချက်ကို ပြီးပြည့်စုံစေရန် တစ်နှစ်ပတ်လုံးအွန်လိုင်းရရှိရေးနှင့် ပုံမှန်လည်ပတ်ရေးကို လုပ်ဆောင်မည်” ဟု ပြောကြားခဲ့သည်။

ပထမအနေဖြင့် “အွန်လိုင်းပြသမှု” “အွန်လိုင်းအစည်းအဝေး” “အွန်လိုင်းဆွေးနွေးမှု” စသည့်လုပ်ဆောင်ချက်များကို ပြီးပြည့်စုံအောင်ဆောင်ရွက်၍ အင်တာနက်လုံခြုံမှု ကာကွယ်ရေးကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း ၊
ဒုတိယအနေဖြင့် အွန်လိုင်းစီးပွားကုန်သွယ်ရေး လက်တွေ့အကျိုးထိရောက်မှုကို တိုးမြှင့်ကာ လိုက်ဖ်လွှင့်မိတ်ဆက်ပွဲ၊ ထောက်ပံ့နိုင်သော လိုအပ်သောကုန်ပစ္စည်း မိတ်ဆက်ပွဲ၊ “1 Vs 1” ဗွီဒီယိုဖြင့်ချိတ်ဆက်ရေးအခမ်းအနား စသည်တို့ကိုကျင်းပ၍ ဈေးကွက်ချဲ့ထွင်သွားမည်ဖြစ်ကြောင်း ၊ တတိယအနေဖြင့် တစ်နှစ်ပတ်လုံးအွန်လိုင်းတွင်လည်ပတ်နေသော ပြပွဲကို ဖော်ဆောင်ကာ အွန်လိုင်းတက်ဆက်မှုနှင့် စီးပွားကုန်သွယ်ရေးမြှင့်တင်မှု၊ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးကာ တစ်နှစ်ပတ်လုံး ပုံမှန်လည်ပတ်နိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၊
စတုတ္ထအနေဖြင့် အာဆီယံနိုင်ငံများအတွက် အွန်လိုင်းပြပွဲအခမ်းအနား ကျင်းပကာ ဂုဏ်ထူးဆောင်နိုင်ငံဖြစ်သော လာအိုနှင့် မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ဗီယက်နမ် စသည့်နိုင်ငံများအတွက် အွန်လိုင်းပြပွဲနှင့် စီးပွားကုန်သွယ်ရေးအခမ်းအနားများ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)