ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသည် ကပ်ရောဂါထိန်းချုပ်ရေးအတွက် ဘက်ပေါင်းစုံကြိုးပမ်းအားထုတ်မှု လုပ်ကိုင်နေစဉ်အတွင်းမှာပင် အလွန်ခိုင်မာပြီး ပညာရှင်ဆန်သော ထိရောက်မှုအပြည့်အဝရှိသည့် COVID-19 သတင်းအချက်အလက်ထုတ်ပြန်ရေးစနစ်တစ်ခုကို တည်ဆောက်ခဲ့ကြောင်း နိုင်ငံ၏ COVID-19 တိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်တွင် ဖော်ပြထားသည်။
ပေကျင်း ၊ ဇွန် ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံက နိုင်ငံ၏ COVID-19 ကပ်ရောဂါတိုက်ဖျက်ရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်ကို ယနေ့ ဇွန် ၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၁၃ ရက်၌ ကျရောက်မည့် ယခုနှစ်၏ ယဉ်ကျေးမှုနှင့် သဘာဝဆိုင်ရာ အမွေအနှစ်များနေ့တွင် ကျင်းပရန် အစီအစဉ်ပေါင်း ၄,၆၀၀ ကျော်ကို စီစဉ်ထားကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် COVID-19 တိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ တိုက်ပွဲတွင် အောင်မြင်မှုရရှိရန် “တရုတ်-ပြင်သစ် ပါဝင်ဆောင်ရွက်မှုများ” အတွက် ဇွန် ၅ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။
မနီလာ၊ ဇွန် ၅ ရက် (ဆင်ဟွာ) ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံ သံရုံးက COVID-19 ရောဂါကြောင့် ထိခိုက်ခံစားခဲ့ရသည့် မနီလာမြို့ ဒေသခံများအတွက် ဆန်နှင့် စည်သွပ်ဘူးကဲ့သို့ အဓိကစားသောက်ကုန်များပါဝင်သည့် “ချစ်ကြည်ရေးလွယ်အိတ်” ၅,၀၀၀ ကို ဇွန် ၄ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကာကွယ်ဆေး ရရှိရေးနှင့် အသုံးပြုနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ကာကွယ်ဆေးသုတေသန ညှိနှိုင်းဆောင်ရွက်ရာတွင်လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အဓိကကျသောအခန်းကဏ္ဍကို ဆက်လက်ထောက်ခံသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် လီခဲ့ချန်က ဇွန် ၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇွန် ၅ ရက် (ဆင်ဟွာ) တရုတ် နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျင်း က တရုတ် နိုင်ငံ အနေဖြင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ အပါအဝင် Gavi စသော နိုင်ငံတကာ အဖွဲ့အစည်း များအား အတတ်နိုင်ဆုံး ကူညီထောက်ပံ့ပေးသွားမည် ဖြစ်ပြီး...
RUIAN , ဇွန် ၄ ရက် (ဆင်ဟွာ) ဖုန်ရှောင်ရင်းနှင့် ဖန်တယ်တော တို့သည် တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် မာယွီမြို့နယ် ရှားအောက်ကျေးရွာတွင် နေထိုင်သည့် လယ်သမားများဖြစ်သည်။ ၎င်းတို့ဇနီးမောင်နှံနှစ်ဦးသည် လယ်ယာလုပ်ငန်းခွင် ပြီးစီးပါက ဝါသနာကြီးကြီးမားမားတစ်ခုရှိပေသည်။ ကကွက်များ တီထွင်ဖန်တီးကာ စမ်းသပ်ကြခြင်းဖြစ်သည်။
ဆန်းတုန်း၊ ဇွန် ၄ ရက်(ဆင်ဟွာ) ဂျုံရိတ်သိမ်းရာသီတွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် လျင်ရီမြို့ ထျန်ချန်ခရိုင်ရှိ တောင်သူများသည် ဂျုံပင်ကောက်ရိုးများကိုပါ ရိတ်သိမ်းပြီး နေပူလှန်း ပိုးသတ်၍ လက်ရာမြောက်သည့် လက်မှုပစ္စည်းလေးများ ရက်လုပ်လေ့ရှိကြသည်။၎င်းမှာ ကောက်ရိုးမီးလောင်၍ သဘာဝပတ်ဝန်းကျင်ကို ညစ်ညမ်းစေခြင်းအား ကာကွယ်နိုင်သလို ဝင်ငွေလည်း ထပ်တိုးစေခဲ့သည်။
ပေကျင်း၊ ဇွန် ၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်အား ထောက်ခံသူများ ဖြစ်ဖွယ်ရှိသည့် တွစ်တာအသုံးပြုသူအုပ်စု ၃၀ ခန့်က ရီပက်ဘလစ်ကန်ပါတီ သို့မဟုတ် လက်ယာအစွန်းရောက် လျှို့ဝှက်ပူးပေါင်းကြံစည်မှုအယူအဆ QAnon ဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် တရုတ်နိုင်ငံက ဖန်တီးထားသော ဇီဝလက်နက်တစ်ခုဖြစ်သည်ဟူသော ကောလာဟလများကို ဝါဒဖြန့်ခဲ့ကြကြောင်း ...