Connect with us

Culture & Entertainment

တရုတ်နိုင်ငံက ကျေးလက်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန် နောက်ထပ် အဓိကကျသည့် ကျေးရွာ ၁၉၉ ရွာအား စာရင်းတင်သွင်း

ပေကျင်း၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ယဉ်ကျေးမှုနှင့် ခရီးသွားလာရေးဝန်ကြီးဌာန သည် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပြုပြင်ပြောင်းလဲရေးကော်မရှင်နှင့် အတူ ကျေးလက်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုး တက်ရေးအတွက် နိုင်ငံ၏ အဓိကကျေးရွာများစာရင်းတွင် အခြား ၁၉၉ ရွာအားထပ်မံထည့်သွင်းခဲ့ကြောင်း သိရသည်။၎င်းဌာန နှစ်ခုက ကျေးလက်ခရီးသွားလုပ်ငန်း၏ အဓိကနှစ်လိုဖွယ်ရှိသော မြို့နယ်များစာရင်းကိုလည်း ပထမဦးဆုံး ကြေညာခဲ့သည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စုစုပေါင်း မြို့နယ် ၁၀၀ အား စာရင်းထဲထည့်သွင်းခဲ့သည်။

သက်ဆိုင်ရာဒေသဆိုင်ရာဌာနများသည် ၎င်းကျေးရွာများနှင့် မြို့နယ်များ၌ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အခွင့်သာသည့်မူဝါဒါများ၊ ငွေကြေးအကူအညီများနှင့် အခြားအစီအမံများအား ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနမှ သိရသည်။ ယခင်က တရုတ်နိုင်ငံအနေဖြင့် အဓိကကျေးလက်ခရီးသွားကျေးရွာများ၏ စာရင်းနှစ်ခုကို ထုတ်ပြန်ခဲ့ပြီး ကျေးရွာစုစုပေါင်း ၁,၀၀၀ ပါရှိကြောင်း သိရသည်။ (Xinhua)

———————————————-
(English Version)

China lists another 199 key villages for rural tourism development

BEIJING, Sept. 2 (Xinhua) — China’s Ministry of Culture and Tourism, together with the National Development and Reform Commission, has added another 199 villages to the country’s list of key villages for rural tourism development.

The two departments also announced a list of key rural tourism townships, the first of its kind. A total of 100 townships nationwide made it into the list.
According to the ministry, relevant local departments are to support these villages and townships in tourism development through favorable policies, financial aid and other measures.
Previously, China had released two lists of key rural tourism villages, consisting of 1,000 villages in total. Enditem