Connect with us

CHINA

ကပ်ရောဂါတိုက်ဖျက်ရေး အားဖြည့်ကူညီဆောင်ရွက်ပေးမှုနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ချန်းချန်က အင်တာဗျူးမေးမြန်းမှုများအား ပြန်လည်ဖြေကြား

မန္တလေး၊ စက်တင်ဘာ ၂ ရက်(ဆင်ဟွာ)

မန္တလေးမြို့ အခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ်ရုံးက မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး အရပ်ဖက် လူမှုကယ်ဆယ်ရေးအဖွဲ့များအား ဩဂုတ် ၃၁ ရက်တွင် အောက်ဆီဂျင်စက် (Oxygen Concentrator)များ ပေးအပ်လှူဒါန်းခဲ့ကြောင်း မန္တလေးအခြေစိုက် တရုတ်နိုင်ငံကောင်စစ်ဝန်ရုံး၏ စက်တင်ဘာ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါလှူဒါန်းပေးအပ်ပွဲအခမ်းအနားကို မန္တလေးအခြေစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ချန်းချန်က တက်ရောက်ခဲ့ပြီး ကပ်ရောဂါတိုက်ဖျက်ရေး တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ၊ နယ်စပ်ဒေသ ကပ်ရောဂါ ပူးတွဲကာကွယ်ထိန်းချုပ်ရေး အားဖြည့်ဆောင်ရွက်မှုအခြေအနေများ၊ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီမှ ထုတ်ပြန်သည့် ဗိုင်းရပ်စ်ဇစ်မြစ်အစီရင်ခံစာအပေါ် ထင်မြင်ချက်စသည်တို့နှင့်စပ်လျဉ်း၍ Skynet TV၏ အင်တာဗျူးမေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

ယခုလှူဒါန်းမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံကောင်စစ်ဝန်ချုပ် ချန်းချန်က “ယနေ့ မန္တလေးအခြေအစိုက် တရုတ်နိုင်ငံ ကောင်စစ်ဝန်ရုံးက တစ်မိုးအောက်မြန်မာ လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ ရှမ်းပြည်နယ် ကျောက်မဲ ကပ်ရောဂါတိုက်ဖျက်ရေး လူငယ် လူမှုကယ်ဆယ်ရေးအဖွဲ့ကို ကာလတန်ဖိုး ငွေကျပ်သန်းပေါင်း(၉၀)ရှိ တရုတ်နိုင်ငံထုတ် Oxygen Concentratorအလုံး (၆၀) ပေးအပ်လှူဒါန်းခဲ့ပါတယ်။ ဒါက တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံကို Oxygen Concentrator အလုံး (၁,၀၀၀) ကူညီပေးအပ်လှူဒါန်းမှုအစီအစဉ်ရဲ့ တစ်စိတ်တစ်ပိုင်းပါ။ သက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းတွေကို မနေ့က တရုတ်-မြန်မာနယ်စပ် အဝေးတစ်နေရာကနေ မြန်မာနိုင်ငံ မြောက်ပိုင်းကို ပို့ဆောင်ထားပါတယ်။အဲဒီထဲမှာ ကျွန်တော်တို့ ကောင်စစ်ဝန်ရုံးက ရှမ်းပြည်နယ်နဲ့ကချင်ပြည်နယ်ကို Oxygen Concentrator အလုံး (၁၅၀)စီ ပံ့ပိုးကူညီပေးခဲ့ရာ ပြည်နယ်ဆေးကုသရေးဌာနတွေကို ရောက်ရှိသွားပါပြီ။ ဒါ့အပြင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ကျန်းမာရေးဝန်ကြီးဌာနကို လှူဒါန်းတဲ့ Oxygen Concentrator အလုံး (၅၀၀)ကတော့ မနေ့က ကောင်စစ်ဝန်ရုံးက သံရုံးကိုယ်စား လွှဲပြောင်းပေးပြီးပါပြီ။ ဒီ Oxygen Concentrator အလုံး (၁,၀၀၀)ရဲ့ စုစုပေါင်းတန်ဖိုးက ငွေကျပ်သန်းပေါင်း(၁.၅)ဘီလီယံကျော် ရှိပါတယ်။အောက်ဆီဂျင်စက်တွေဟာ လက်ရှိ မြန်မာပြည်သူလူထု အရေးပေါ် လိုအပ်မှုအရှိဆုံး ကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းဖြစ်တယ်။ ယခုလှူဒါန်းကူညီမှုက တရုတ်ပြည်သူတွေ မြန်မာပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာမေတ္တာဖြစ်သလို မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် အားဖြည့်ဆောင်ရွက်ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်”ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ၏အားဖြည့်ကူညီမှု အခြေအနေအရပ်ရပ်နှင့်စပ်လျဉ်း ၎င်းက ”မြန်မာနိုင်ငံမှာ ကပ်ရောဂါဖြစ်ပွားပြီးနောက်ပိုင်း တရုတ်နိုင်ငံအစိုးရက ဦးဆုံးလက်ကမ်းကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ ကာကွယ်ဆေး၊ ရောဂါကုသထိန်းချုပ်ရေးအထောက်အပံ့ပစ္စည်းပမာဏများပြားကို အဆက်မပြတ်ကူညီပေးခဲ့သလို ဆေးပညာရှင်အဖွဲ့ကို အမြန်ဆုံး အသုတ်ခွဲစေလွှတ်ပြီး ပံ့ပိုးဆောင်ရွက်ပေးတာ၊ Nucleic Acid ဓါတ်ခွဲခန်း၊ကျန်းမာရေးစောင့်ရှောက်ရန်ဆေးရုံများကို အရေးပေါ်ကူညီတည်ဆောက်ပေးတာတွေကို တတ်နိုင်သမျှလုပ်ဆောင်ပေးခဲ့တယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ကုမ္ပဏီလုပ်ငန်းတွေ၊ တရုတ်နိုင်ငံမှာရှိတဲ့ ပရဟိတကုသိုလ်ဖြစ်အသင်းတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက မြန်မာမိတ်ဆွေ ဆွေမျိုးပေါက်ဖော်များအတွက် အချိန်နှင့်အညီကူညီနိုင်ဖို့ ရက်ရက်ရောရော လှူဒါန်းကူညီကြတာတွေရှိတယ်။ ကပ်ရောဂါတတိယလှိုင်းကို မြန်မာနိုင်ငံက ညီအကိုမောင်နှမတွေရင်ဆိုင်နေရချိန် ကူညီအားဖြည့်ပေးနိုင်ဖို့အတွက် ဩဂုတ်လကုန်ပိုင်းမှာတင် ရောဂါကုသထိန်းချုပ်ရေးဆိုင်ရာ ပစ္စည်းတွေကို မြန်မာနိုင်ငံမြောက်ပိုင်းဒေသကို အသုတ်ပေါင်းများစွာ မပြတ်ပို့ဆောင်ပေးခဲ့ပါတယ်။

အဲ့ဒီထဲမှာ တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက 《တရုတ်-မြန်မာ နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်》 အကောင်အထည်ဖော်ဆောင်ရွက်ရေးစနစ်လမ်းကြောင်းကို အတည်ပြုပေးခဲ့ရာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် တန်ဖိုးငွေကျပ်(၁.၆၅၆)ဘီလီယံရှိ အထောက်အပံ့ပစ္စည်းတွေလှူဒါန်းကူညီခဲ့သလို တရုတ်အမျိုးသား ကုသိုလ်ဖြစ်အဖွဲ့ချုပ်က မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တို့အတွက် တန်ဖိုးကျပ်ငွေ(၅၂၆)သန်းရှိတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းတွေကို အရေးပေါ် ကူညီလှူဒါန်းခဲ့တယ်။

ဒီအထောက်အပံ့ပစ္စည်းတွေကို မြန်မာနိုင်ငံမြောက်ပိုင်း ကပ်ရောဂါဒဏ်ခံရတဲ့နေရာများကို အခုရက်ပိုင်းမှာ လွှဲပြောင်းပေးအပ်ခဲ့ပြီးပါပြီ။ ဩဂုတ်လအထိ တရုတ်-မြန်မာ နယ်စပ်ဒေသ မြန်မာဘက်အခြမ်းဒေသတွေကို တရုတ်နိုင်ငံက ငွေကျပ်တန်ဖိုး ဘီလီယံ(၆၀)ကျော်ရှိတဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းခဲ့ပါတယ်။ အဲ့ဒီထဲမှာ Nucleic Acid ဓါတ်ခွဲခန်း (၁၂)ခု တည်ဆောက်ပေးတာ၊ ဆေးအဖွဲ့ (၁၃၀)ကျော် စေလွှတ်ကူညီဆောင်ရွက်ပေးစေတာ ၊ လူပေါင်း(၃)သိန်းကို ရောဂါစစ်ဆေးဖို့ မြန်မာနိုင်ငံအား ကူညီဆောင်ရွက်ပေးတာတွေ ပါဝင်ပါတယ်။

မြန်မာနိုင်ငံကို ကူညီတဲ့ နိုင်ငံအားလုံးထဲမှာ တရုတ်နိုင်ငံက လုပ်ဆောင်မှုအများဆုံး၊ ထိရောက်မှုအရှိဆုံးဖြစ်တယ်လို့ ကျွန်တော့် မြန်မာမိတ်ဆွေက ပြောတယ်”ဟု ဆိုသည်။

ထို့အပြင် တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံမြောက်ပိုင်းဒေသအတွက် သီးသန့် ရောဂါကုသထိန်းချုပ်ရေးပစ္စည်းများကို လှူဒါန်းရန်ရှိရာ တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး (၁) သန်းနှင့် အခြားကပ်ရောဂါတိုက်ဖျက်ရေးအထောက်အပံ့ပစ္စည်းများပါဝင်ကြောင်း၊ ၎င်းမှာ ငွေကျပ်တန်ဖိုး (၁၂.၅)ဘီလီယံကျော်ရှိကြောင်း၊ လက်ရှိ သက်ဆိုင်ရာပစ္စည်းများ တရုတ်-မြန်မာနယ်စပ်သို့ ရောက်ရှိနေပြီဖြစ်ရာ ယခုလအတွင်း အကောင်အထည်ဖော်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ ကောင်စစ်ဝန်ချုပ် ချန်းချန်က ပြောကြားခဲ့သည်။

ထိုသို့ကူညီပံ့ပိုးမှုသည် တရုတ်နိုင်ငံက မြန်မာနိုင်ငံမြောက်ပိုင်း ကပ်ရောဂါတိုက်ဖျက်ရေးအကူအညီပေးရေးအခြေခံတွင် နောက်ထပ် ထပ်လောင်းအားဖြည့်ဆောင်ရွက်ပေးခြင်းဖြစ်ရာ မြန်မာနိုင်ငံမြောက်ပိုင်းဒေသ ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင်စွမ်းကို ထိရောက်စွာ မြှင့်တင်ပေးပြီး ဒေသန္တရရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်း ကြုံတွေ့နေရသည့် အခက်အခဲကို ဖြေလျှော့ပေးနိုင်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံက ယခုကာလတွင် ကိုရိုနာဗိုင်းရပ်စ်ဇစ်မြစ်အစီရင်ခံစာ တစ်စောင်ထုတ်ပြန်ခဲ့သည့်အပေါ် ကောင်စစ်ဝန်ချုပ် ချန်းချန်၏အမြင်သဘောထားကို မေးမြန်းရာတွင် ချန်းချန်က “ ဗိုင်းရပ်စ်ဇစ်မြစ်အစီရင်ခံစာဆိုတာကို ဒီရက်ပိုင်း မြန်မာမိတ်ဆွေတစ်ယောက်မက ကျွန်တော်နဲ့ ပြောဖြစ်တယ်။ ဒါကို အားလုံးက ရယ်စရာဟာသတစ်ခုလို့ပဲ မြင်ပါတယ်။

အမေရိကန်က ရောဂါကူးစက်မှုနဲ့သေဆုံးမှု ကမ္ဘာ့ထိပ်ဆုံးနိုင်ငံဖြစ်တာကို ဗဟိုထောက်လှမ်းရေးအေဂျင်စီက နိုင်ငံအနှံ့မှာရှိတဲ့ ဆေးရုံတွေမှာ ရှေ့တန်းကအားဖြည့်ဖို့ ထောက်လှမ်းရေးတွေ မစေလွှတ်တာက နှမြောဖို့ကောင်းတယ်ဆိုပြီး မိတ်ဆွေတစ်ချို့က အရွှန်းဖောက်ပါသေးတယ်။ တစ်ချို့ကလည်း ပိုးသတ်ဆေးရည်သောက်ရင် ပိုးသေတယ်ဆိုတဲ့ အမေရိကန်သမ္မတဟောင်းရဲ့ လူထုအကြံပြုချက်ကို ရယ်စဖွယ်ပြန်ပြောင်း ပြောကြတယ်။

အဲဒီသမ္မတဟောင်းက ကပ်ရောဂါကို အကြောင်းပြ တရုတ်နိုင်ငံကို အပြစ်ဖို့အိုးမည်းသုတ်တုန်းက မြန်မာနိုင်ငံကပညာရှင်တစ်ယောက်ရေးတဲ့ဆောင်းပါးမှာ တင်စားတဲ့ ကပ်ရောဂါကို ရင်ဆိုင်ဖြေရှင်းတဲ့အခါ အမေရိကန်က ပြိုင်ပွဲမှာရှုံးတဲ့ဘောလုံးသမားအဖွဲ့လို မနိုင်တော့ ကွင်းထဲမှာ ရန်စ၊ညစ်ဖို့ ကြံရပြီပေါ့ဆိုတဲ့ ဥပမာတစ်ခုကို ကျွန်တော်မှတ်မိပါသေးတယ်။ ကြည့်ရတာ အမေရိကန်က ကမ္ဘာ့ဟာသလုပ်ဖို့ အခိုင်အမာဆုံးဖြတ်ထားပုံရတယ်။ မြန်မာရိုးရာ လူရွှင်တော်အကလိုပေါ့။

ကပ်ရောဂါတိုက်ဖျက်ရေးအတွက် မွန်းကြပ်နေတဲ့ခံစားချက်ကို အတိုင်းတာတစ်ခုထိ ဖြေလျှော့ပေးနိုင်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့မေ့လို့မရတာက ကမ္ဘာ့ကပ်ရောဂါတိုက်ဖျက်ရေးအရေးကြီးအချိန်အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အမေရိကန် နုတ်ထွက်ခဲ့တယ်။

နိုင်ငံအသီးသီး ကာကွယ်ဆေးအရေးပေါ်လိုအပ်နေတဲ့အချိန် ကာကွယ်ဆေးတင်ပို့မှုကို အမေရိကန်က တားမြစ်ခဲ့တယ်။ တရုတ်နိုင်ငံနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ပထမအဆင့် ဗိုင်းရပ်စ်ဇစ်မြစ်သုတေသနပြုလုပ်ခဲ့ပြီးနောက်ပိုင်း ဓာတ်ခွဲခန်းကထွက်လာတယ်ဆိုတဲ့ ကောလာဟလကို စလွှင့်တယ်၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ဆိုးဆိုးဝါးဝါးအဆိပ်ခတ်ပြီး နိုင်ငံတကာကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ခြင်းနဲ့ သိပ္ပံနည်းကျဗိုင်းရပ်စ်ဇစ်မြစ်သုတေသနလုပ်ဆောင်နေခြင်းကို ဖျက်ဆီးခဲ့တာလည်း အမေရိကန်ပါပဲ။

ပြည်တွင်းမှာ ကပ်ရောဂါတိုက်ဖျက်ရေး လျော့ရဲမှုကို ဗိုင်းရပ်စ်ဇစ်မြစ်အကြောင်းပြု တာဝန်လွှဲခေါင်းရှောင်ဖို့၊ ပြည်ပမှာ တရုတ်နိုင်ငံကို အမည်ဖျက် နိုင်ငံတကာအသိုက်အဝန်းကို လမ်းကြောင်းလွှဲဖို့ရည်ရွယ်တဲ့ အမေရိကန်ရဲ့လုပ်ကြံဖန်တီးတဲ့ ဗိုင်းရပ်စ်ဇစ်မြစ် အစီရင်ခံစာက သိပ္ပံနည်းနာနိသျှတွေကို တစ်ဆုံးတိုင်ဆန့်ကျင်တဲ့ နိုင်ငံရေးအစီရင်ခံစာသာ ဖြစ်တယ် ” ပြန်လည်ဖြေကြားခဲ့သည်။

“ကပ်ရောဂါကူးစက်ပြန့်ပွားမှုတွေက ရှိနေဆဲဖြစ်တာကြောင့် နိုင်ငံအသီးသီး ကပ်ရောဂါတိုက်ဖျက်မှုက သိပ္ပံနည်းကျဖို့နဲ့ စည်းလုံးညီညွတ်စွာ ဖေးမကူညီဆောင်ရွက်ကြဖို့ လိုပါတယ်။ အမေရိကန်အနေနဲ့ ကပြချင်တဲ့ ဗီလိန်အကကို သူဆက်ကလို့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ကပ်ရောဂါတိုက်ဖျက်ရေးနဲ့ဗိုင်းရပ်စ်ဇစ်မြစ် နိုင်ငံရေးအသွင်ပြောင်းမှုကို ဆန့်ကျင်ပြီး ကပ်ရောဂါပူးပေါင်းတိုက်ဖျက်ရေး၊ သိပ္ပံနည်းကျ ဗိုင်းရပ်စ်ဇစ်မြစ်သုတေသနပြုရေး၊ ကပ်ရောဂါကြီးကို စောလျဉ်းစွာ တိုက်ဖျက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားရမှာဖြစ်တယ်”ဟု ချန်းချန်က ဆိုသည်။

“တရုတ်-မြန်မာ နှစ်နိုင်ငံဟာ မိသားစုသဖွယ် ရင်းနှီးမှုရှိသလို နှစ်နိုင်ငံပြည်သူတွေက ဆွေမျိုးသားချင်းသဖွယ် သံယောဇဉ်ရှိကြတယ်။ တရုတ်လူမျိုးတွေက မေတ္တာစေတနာရှိတယ်၊ တာဝန်ယူတတ်တယ်။မြန်မာညီအကို မောင်နှမတွေကို ကူညီတာက ကျွန်တော်တို့မိမိကိုယ်ကို ကူညီတာနဲ့အတူတူပါပဲ။ ဒါက တရုတ်-မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးရဲ့အနှစ်သာရဖြစ်သလို တရုတ်နိုင်ငံအစိုးရက မြန်မာနိုင်ငံအပေါ် ထားရှိတဲ့ မပြောင်းလဲဘဲ ခိုင်မာနေမယ့် မူဝါဒပဲဖြစ်ပါတယ်။

ကပ်ရောဂါအခြေအနေက ဆိုးဝါးနေဆဲပါ။ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးက အစောပိုင်းကာလ လုပ်ဆောင်ခဲ့ပြီးသားပေါ်မှာ အခြေခံပြီး နှစ်နိုင်ငံသက်ဆိုင်ရာဌာန၊ ဒေသဆိုင်ရာ အစိုးရဌာနများတွေနဲ့ ကပ်ရောဂါတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ပြီး တက်တက်ကြွကြွဆောင်ရွက်သွားမှာဖြစ်သလို မြန်မာနိုင်ငံ မြောက်ပိုင်း တရုတ်ကုမ္ပဏီလုပ်ငန်းများကိုလည်း မြန်မာမိတ်ဆွေများအတွက် လက်ကမ်းကူညီပေးဖို့ တိုက်တွန်းသွားမှာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်းလူထုကပ်ရောဂါတိုက်ဖျက်ရေးအတွက် အင်တိုက်အားတိုက်ကူညီပေးကာ မြန်မာညီအကိုမောင်နှမတွေ အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကူညီဆောင်ရွက်သွားမှာပါ။ မြန်မာနိုင်ငံမှာ ကပ်ရောဂါတိုက်ဖျက်ရေး အမြန်အောင်နိုင်ပါစေ ၊ မြန်မာပြည်သူလူထုတွေကျန်းမာချမ်းသားပါစေလို့ ဆုမွန်ကောင်းတောင်းပါတယ်”ဟု မန္တလေးအခြေစိုက် တရုတ်ကောင်စစ်ဝန်ချုပ် ချန်းချန်းက ပြောကြားခဲ့သည်။ (Xinhua)

——————————————-
(Chinese Version)

陈辰总领事接受缅甸当地电视台采访实录

8月31日,中国驻曼德勒总领事馆向缅甸民间抗疫志愿者组织捐赠制氧机,陈辰总领事出席捐赠仪式并现场接受当地电视台采访,介绍中国同缅甸开展抗疫合作、加强边境疫情联防联控等情况,回答了记者关于美国情报机构发布所谓“病毒溯源问题调查报告”的提问。实录如下:

问:总领事能否介绍一下今天捐助活动的有关情况?
答:今天中国驻曼德勒总领事馆向缅甸“同一天空下”艺术家抗疫志愿者组织和掸邦皎迈青年抗疫组织捐助了60台中国产制氧机,价值9000万缅币。这是中方最新援助缅方1000台制氧机项目的一部分,相关物资昨天刚刚经中缅边境千里迢迢运抵缅北,其中总领事馆向掸邦和克钦邦援助的各150台已交付两邦医疗机构,另有中国驻缅使馆捐赠给缅甸卫生部的500台已于昨天由总领事馆代为转交卫生部。这1000台制氧机总价值超过15亿缅币,是当前缅甸民众最为急需的抗疫物资,代表了中国人民对缅甸人民的深情厚谊,希望能为缅甸兄弟姐妹战胜疫情提供助力。

问:能否请总领事介绍中国对缅甸提供抗疫援助的总体情况?
答:缅甸发生疫情后,中国政府第一时间施以援手,源源不断向缅方援助大批疫苗和抗疫物资,迅速派遣多批次医疗专家组,紧急援建核酸检测实验室和方舱医院。在缅中资机构、中国国内慈善机构和民间团体也纷纷慷慨解囊,为缅甸胞波送来“及时雨”般的宝贵支持。为协助缅甸兄弟姐妹应对第三波疫情,仅8月下旬就有多批援助物资密集运抵缅北地区,包括中国外交部通过《中缅边境管理与合作协定》执行机制渠道,向缅北地区捐赠价值16亿5600万缅币的抗疫物资,中华慈善总会紧急向曼德勒省、掸邦和克钦邦捐赠价值5亿2600万缅币的防疫物资,上述物资已于近日全部交付缅北疫区。截至8月,仅中缅边境地区缅方一侧地区,中方就援助了价值超过600亿缅币的抗疫物资,包括建设12个核酸检测实验室,派出130多批次援缅医疗队,协助缅方为30万人进行检测筛查。有缅甸朋友对我感慨:“中国给予缅甸的援助在所有国家中力度最大、效率最高、效果最好。”
借此机会我还要告诉大家一个重要消息,中国政府决定专项向缅北地区提供一批抗疫援助,包括100万剂中国产新冠疫苗和其他抗疫物资,总价值将超过125亿缅币,目前相关物资已运抵中缅边境,将于本月内实施。这是中方在持续向缅北提供抗疫援助基础上的又一重大举措,将有效提升缅北疫情防控能力,缓解当地防疫工作面临的困难。

问:感谢中国向缅甸提供的无私援助。中国无疑是全世界防控疫情最成功的国家。我们注意到美国近期发布了一份“新冠病毒溯源报告”,总领事对此有何看法?
答:这几天不只一位缅甸朋友同我谈起过美国情报机构发布的这份所谓“溯源报告”,我的感觉是大家都把美方此举看作一个笑话。有的朋友调侃“美国感染和死亡人数全球第一,不把中央情报局的间谍派到全美各地医院加强一线力量真是太可惜了”,有的还愉快地忆及美国前任总统建议民众喝消毒水杀死病毒的事。我也记起,正是这位前总统借疫情向中国甩锅时,一位缅甸知名学者曾在公开发表的文章里做过一个形象的比喻:“美国在应对疫情上就像一支输红了眼的足球队,踢不赢别人就在场上挑衅斗殴。”应该说,缅甸朋友们这些犀利的讽刺让我感到很安心,这说明缅甸人民的眼睛是雪亮的。

看来美方甘做全球笑料的“意志”非常坚定,就像缅甸传统的“小丑舞蹈”,一定程度上能为聚焦会神抗击疫情的我们缓解紧张情绪。但我们同时不应忘记,在全球抗疫关键时刻退出世卫组织的是美国,在各国急需疫苗之际禁止疫苗出口的是美国,在中国和世卫组织成功开展第一阶段溯源研究之后大肆炒作实验室泄漏论、严重毒化国际溯源合作氛围、公然破坏国际抗疫合作和科学溯源的还是美国。美方炮制的所谓“溯源报告”是一份彻头彻尾反科学的政治报告,旨在对内打着溯源幌子推卸自身抗疫失败责任,对外编造借口向中国大泼脏水误导国际社会。

疫情仍在蔓延,各国抗疫必须坚持科学、团结协作。他跳他的“小丑舞”,我们要一致反对将抗疫和溯源政治化,始终坚持合作抗疫、科学溯源,全力争取早日战胜疫情。

问:感谢总领事接受采访,再次代表广大观众感谢中国驻曼德勒总领事馆一直以来向缅甸民众提供的宝贵帮助,您对观众还有什么要讲的话吗?
答:中缅亲如一家,两国人民情同手足。中国人有情有义有担当,帮助缅甸兄弟姐妹就是帮助我们自己。这是中缅胞波情谊的精神实质,是中国政府坚定不移的对缅政策方针。疫情形势仍然严峻,中国总领事馆将在前期已做工作基础上,继续积极配合两国有关部门和地方政府开展抗疫合作,鼓励在缅北中资机构向缅甸胞波伸出援手,为缅北民众抗击疫情提供强有力支持,帮助缅甸兄弟姐妹渡过难关。衷心祝愿缅甸早日战胜疫情,祝愿缅甸人民幸福安康!