လော့စ်အိန်ဂျလိစ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် လူဦးရေ ၁,၂၀၀ ခန့်နေထိုင်သော အယ်လ်ဒိုရာဒိုကောင်တီရှိ မြို့တစ်မြို့လုံး တောမီးလောင်ကျွမ်းပြီးနောက် လူနှစ်ဦး အပြင်းအထန်ဒဏ်ရာရရှိကာ ဆေးရုံတက်ရောက်ခဲ့ရကြောင်း သိရသည်။
မက်ဒရစ်၊ သြဂုတ် ၁၇ ရက် (ဆင်ဟွာ) ၂၀၂၁ ခုနှစ်အတွင်း စပိန်နိုင်ငံ၏ အကြီးဆုံးတောမီး သည် စားကျက်မြေနှင့် သစ်တော်များ ဟက်တာ ၁၀,၀၀၀ ဝန်းကျင် အထိ လောင်ကျွမ်းပြီးနောက် သြဂုတ် ၁၆ ရက်တွင် ဆက်လက်လောင်ကျွမ်းလျက်ရှိကြောင်း အစိုးရ ကိုယ်စားလှယ်တစ်ဦးက သြဂုတ် ၁၆ ရက်...
အယ်လ်ဂျီးစ် ၊ ဩဂုတ် ၁၁ ရက်(ဆင်ဟွာ) အယ်လ်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း Tizi Ouzou ပြည်နယ် နှင့် Bejaia ပြည်နယ် တို့တွင် တောမီးအကြီးအကျယ် လောင်ကျွမ်းနေရာ ယင်းတောမီးအား ငြိှမ်းသတ်ရန် ကြိုးပမ်းစဉ် စစ်သား ၂၅ ဦး သေဆုံးခဲ့ရကြောင်း အယ်လ်ဂျီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အစ္စတန်ဘူလ်၊ဩဂုတ် ၄ ရက်(ဆင်ဟွာ) တူရကီနိုင်ငံ တောင်ပိုင်း နှင့် အနောက်တောင်ပိုင်းရှိ ပြည်နယ်များစွာတွင် တောမီးများအကြီးအကျယ်လောင်ကျွမ်းနေရာ မှန်းဆ၍ မရနိုင်သောအနေအထားကြောင့် COVID-19 ကပ်ရောဂါကြောင့် ဆုံးရှုံးမှုများအားပြန်လည်နလံထူရေး လာမည့် နွေရာသီတွင် ခရီးသွားလုပ်ငန်း ပြန်လည်စတင်ရန် မျှော်လင့်ချက်မှာလည်း လျော့ပါးမှေးမှိန်သွားခဲ့ရကြောင်း သိရသည်။
အန်တယ်လ်ရာ ၊ တူရကီ ၊ ဩဂုတ် ၂ ရက် (ဆင်ဟွာ) တူရကီနိုင်ငံ အန်တယ်လ်ရာအပန်းဖြေမြို့(Antalya) အရှေ့ဘက်ရှိ Manavgat မြို့ငယ်အနီးတွင် စနေနေ့ကတည်းက တောမီးများ လောင်ကျွမ်းမှုဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ ပြီးခဲ့သော ရက်သတ္တပတ်အတွင်း တူရကီနိုင်ငံတစ်ဝှမ်းတွင် တောမီးလောင်ကျွမ်းမှု ၁၁၁ ခုဖြစ်ပွားခဲ့ရာ အများစုကို တနင်္ဂနွေနေ့အရောက်တွင် ငြိှမ်းသတ်ထားနိုင်ပြီဖြစ်ကြောင်း...
လော့စ်အိန်ဂျလိစ်၊ ဇွန် ၁၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားတွင် ယခုနှစ်၏ ပထမဆုံးအပူလှိုင်းကို ယခုရက်သတ္တပတ်အတွင်း ကြုံရနိုင်ဖွယ်ရှိရာ ဆိုးဝါးသည့် မိုးခေါင်ရေရှားမှုဖြစ်ပွားခြင်းက တောမီးလောင်ကျွမ်းမှု ပိုများလာနိုင်မည့်အခြေအနေရှိကြောင်း ဒေသအာဏာပိုင်များက တနင်္လာနေ့တွင် သတိပေးပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ လော့စ်အိန်ဂျယ်လစ်ကောင်တီ Santa Monicaကမ်းခြေရှိ လူများအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၁၅...
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားပြည်နယ် မန်ဒိုစီနို၊ လိတ်ခ်နှင့် ထရီနီတီနယ်မြေများတွင် အကြီးကျယ်ဆုံးလောင်ကျွမ်းခဲ့သည့် တောမီးကြောင့် မြေဧရိယာ ၁,၀၀၂,၀၉၇ ဧက (၄,၀၅၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းခဲ့ကြောင်းကယ်လီဖိုးနီးယားသစ်တောနှင့် မီးဘေးကာကွယ်ရေးဌာန (Cal Fire) က အောက်တိုဘာ ၅ ရက် နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ခဲ့သည်။
ဆန်ဖရန်စစ္စကို ၊ စက်တင်ဘာ ၁၄ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အနှံ့အပြား၌ စက်တင်ဘာ ၁၃ ရက်အထိ ဆက်လက်လောင်ကျွမ်းလျက်ရှိသော တောမီးကြောင့် ပြီးခဲ့သော တစ်လအတွင်း အနည်းဆုံး လူပေါင်း ၁၉ ဦးသေဆုံးပြီး မြေဟက်တာ ၃ ဒသမ ၂ သန်း ( ၁၂,၉၅၀...
လော့စ်အိန်ဂျလိစ်၊ စက်တင်ဘာ ၁၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်တွင် တောမီးကြောင့် မြေဧက ၃.၁ သန်း (၁၂,၅၂၅ စတုရန်းကီလိုမီတာ) လောင်ကျွမ်းကာ စံချိန်တင်ခဲ့ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၀ ရက်၌ ပြောကြားခဲ့သည်။
လော့အိန်းဂျလိစ် ၊ ဩဂုတ် ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်၌ လွန်ခဲ့သောတစ်ပတ်ကျော်ခန့်က မိုးကြိုးပစ်ခံရာမှတစ်ဆင့် တောမီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ရာ ဩဂုတ် ၈ ရက် နံနက်ပိုင်းထိ မြေဟက်တာ ၂၀,၀၉၈ (၈၁.၃ စတုရန်း ကီလိုမီတာ) ထိ မီးလောင်ကျွမ်းသွားခဲ့ပြီး လုံးဝ ထိန်းချုပ်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။