ပေကျင်း ၊ ဇွန် ၁၆ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့တော်၌ ပြီးခဲ့သော ရက်အနည်းငယ်က ကူးစက်မှုအသစ်တစ်ဖန် ပြန်လည်ဖြစ်ပွားခဲ့သည့်အတွက် ယခုအခါ တစ်ရက်လျှင် နမူနာ စစ်ဆေးမှုပေါင်း ၉၀,၀၀၀ ကျော်ဖြင့် မြို့ခံများအား COVID-19 ရောဂါကူးစက်ခံထားရခြင်း ရှိ/မရှိ စမ်းသပ်စစ်ဆေးမှုများ တိုးမြင့်လုပ်ဆောင် ပေးလျက်ရှိကြောင်း သိရသည်။
ပေကျင်း၊ ဇွန် ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ဇွန် ၈ ရက်က COVID-19 ရောဂါဖြစ်ပွားသူ နောက်ဆုံးလူနာ သက်သာလာကာ ဆေးရုံမှဆင်းသွားပြီဖြစ်၍ ပြည်တွင်းကူးစက်မှုအားလုံး ကင်းစင်သွားပြီဖြစ်ကြောင်း အာဏာပိုင်များက ဇွန် ၉ ရက်တွင် ပြောကြားလိုက်သည်။
ပေကျင်း၊ မေ ၁၃ ရက် တရုတ်နိုင်ငံ၏ မြို့ပြလေကြောင်း စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် ပေကျင်း တာ့ရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကုန်တင်လေယာဉ်များ လည်ပတ်မှုများ အားလုံးအပေါ် ကန့်သတ်မှုများကို ဖြေလျှော့ပေးလိုက်ကြောင်း သိရသည်။
ပေကျင်း ၊ မတ် ၁၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံပေကျင်းမြို့၌ မတ် ၁၀ ရက်တွင် ပြင်ပမှဝင်ရောက်လာသည့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ရောဂါ ကူးစက်ခံရသူ ၆ ဦးရှိကြောင်း သတင်းပေးပို့မှုရရှိခဲ့သည်ဟု ဒေသဆိုင်ရာကျန်းမာရေးအာဏာပိုင်များက ယနေ့မတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။