ကဘူးလ် ၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တော် အနောက်ဘက်စွန်ပိုင်းတွင် ယနေ့ ဧပြီ ၁၉ ရက်နံနက်ပိုင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူအသေအပျောက်ရှိကြောင်း ကဘူးလ်ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူ Khalid Zadran ကအတည်ပြုပြောကြားခဲ့သည်။
အေဒင် ၊ ယီမင် ၊ ဖေဖော်ဝါရီ ၁၀ ရက်(ဆင်ဟွာ) အာရပ်နိုင်ငံတစ်နိုင်ငံဖြစ်သည့် ယီမင်နိုင်ငံတွင် ၂၀၂၂ ခုနှစ် ပထမဆုံးလ(ဇန်နဝါရီလ) အတွင်း ပေါက်ကွဲမှုများကြောင့် လူပေါင်း ၃၆ ဦးထိသေဆုံးခဲ့ရကြောင်း ယီမင်အစိုးရတာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ပြောကြားခဲ့သည်။
မက္ကဆီကိုစီးတီး ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဟေတီနိုင်ငံ မြောက်ပိုင်း၌ လောင်စာဆီတင်ယာဉ်တစ်စီး ပေါက်ကွဲမှုဖြစ်ပွားရာ အနည်းဆုံးလူပေါင်း ၆၀ ခန့် သေဆုံးပြီး အခြား ဒါဇင်ပေါင်းများစွာ ထိခိုက်ဒဏ်ရာရခဲ့ကြောင်း မီဒီယာ နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဇွန် ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်၌ တနင်္ဂနွေနေ့ နံနက်ပိုင်းက ဓာတ်ငွေ့ပေါက်ကွဲမှု တစ်ခုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးအတွက် လုပ်နိုင်သမျှ အားလုံး အစွမ်းကုန် လုပ်ဆောင်ကြရန် အမိန့်ပေး ညွှန်ကြားခဲ့ကြောင်း သိရသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ(CPC) အထွေထွေအတွင်းရေးမှူးချုပ် နှင့် ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သူ သမ္မတရှီက...
ကဘူးလ်၊မေ ၉ ရက်(ဆင်ဟွာ) အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့ အနောက်ပိုင်းရှိ မိန်းကလေးသီးသန့်သင် အထက်တန်းကျောင်းတစ်ခု၏ ကျောင်းဝင်အပြင်ဘက်၌ ဖြစ်ပွားသော ပြင်းထန်သည့် ပေါက်ကွဲမှု သုံးခုအတွင်း သေဆုံးသူ ၅၀ ဦး နှင့် ဒဏ်ရာရသူ ၁၀၀ ကျော်အထိ မြင့်တက်လာခဲ့ကြောင်း အာဖဂန်ရဲတပ်ဖွဲ့က ကနေ့ မေ ၉ ရက်တွင်...
မော်စကို ၊ ဇွန် ၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ Nizhny Novgorod ဒေသတွင် ထရိုင်နိုက်ထရိုထောလွှင်း(TNT) ဓါတုစက်ရုံ မီးလောင်မှုတစ်ခုဖြစ်ပွားပြီးနောက် ပေါက်ကွဲမှုများ အစဉ်လိုက်ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၈၉ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအစိုးရက ဇွန် ၂ ရက်တွင် ပြောကြားခဲ့သည်။
ရန်ကုန် ၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး ၊ ပြည်ခရိုင် ၊ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ တွန်းသဘောၤ တစ်စင်းသည် မီးလောင် ပေါက်ကွဲမှု ဖြစ်ပွားကာ သဘောၤပေါ်ရှိ လူ ၅ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၏ ထုတ်ပြန်မှု...
ဒမက်စကက်စ်၊ သြဂုတ် ၁၃ ရက်(ဆင်ဟွာ) Idlibပြည်နယ် အစိုးရဆန့်ကျင်ရေးလက်နက်ကိုင်များ ထိန်းချုပ်သည့် ဒေသတွင် သြဂုတ် ၁၂ ရက်က လက်နက်ဂိုဒေါင်တစ်ခု ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ကြောင်းသိရသည်။ လက်ရှိအချိန်တွင် ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းကို မသိရသေးပါ။
ကရာကက်စ် ၊ ဇွန် ၁၇ ရက်(ဆင်ဟွာ) ဗင်နီဇွဲလားနိုင်ငံမြို့တော် ကရာကက်စ်ရှိ နိုက်ကလပ်တစ်ခုတွင် ဇွန် ၁၆ ရက် နံနက်ပိုင်းက မျက်ရည်ယိုဗုံးပေါက်ကွဲမှုဖြစ်ပွားရာ လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း ဗင်နီဇွဲလားပြည်ထဲရေးဝန်ကြီး က ယင်းနေ့တွင် ပြောကြားခဲ့သည်။
ဒါကာ၊ စက်တင်ဘာ ၁၀ ရက် (ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အစွန်အဖျား တွန်ဂီမြို့နယ်ရှိ အထည်ချုပ်လုပ်ငန်းသုံး ပစ္စည်းစက်ရုံ၌ စက်တင်ဘာလ ၁၀ ရက် နံနက်ပိုင်းက ဘွိုင်လာအိုး တစ်လုံး ပေါက်ကွဲခဲ့ရာ အနည်းဆုံး လူ ၂၀ ဦး သေဆုံးကာ လူပေါင်း ၇၀...