မော်စကို ၊ ဩဂုတ် ၄ ရက်(ဆင်ဟွာ) နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးအခန်းကဏ္ဍတွင် ထိတွေ့လုပ်ဆောင်မှုများရှိခဲ့ခြင်းကြောင့် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနသည် အက်စ်တိုးနီးယားနိုင်ငံသံတမန်တစ်ဦးအား မကြိုဆိုထိုက်သူ“ persona non grata” အဖြစ်ကြေညာ၍ နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း သိရသည်။
မော်စကို ၊ ဇွန် ၂၃ ရက်(ဆင်ဟွာ) အမေရိကန် နှင့် ဗြိတိန်နိုင်ငံတို့သည် ရုရှားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်၏ ဝက်ဘ်ဆိုဒ်ကို ပစ်မှတ်ထား၍ ဆိုက်ဘာတိုက်ခိုက်မှုများ လုပ်ဆောင်နေကြောင်း ရုရှားနိုင်ငံက စွပ်စွဲပြောကြားလိုက်သည်။
မော်စကို ၊ မေ ၁၃ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံက အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် နှင်ထုတ်သော အမေရိကန် သံတမန် ၁၀ ဦးထဲတွင် သံရုံး ပြောခွင့်ရပုဂ္ဂိုလ် ရေဗက္ကာရော့စ်(Rebecca Ross)လည်း တစ်ဦး အပါအဝင် ဖြစ်ကြောင်း RIA Novosti သတင်းအေဂျင်စီက မေ ၁၂ ရက်တွင်...
မော်စကို၊ ဧပြီ ၁၉ ရက်(ဆင်ဟွာ) ချက်ပြည်သူ့သမ္မတနိုင်ငံက ရုရှားသံတမန် ၁၈ ဦးအား နှင်ထုတ်ခဲ့သည်ကို အပြန်အလှန် လက်တုံ့ပြန်သည့်အနေဖြင့် ရုရှားနိုင်ငံက ချက်သံတမန် ၂၀ ဦးကို နိုင်ငံမှ နှင်ထုတ်လိုက်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို ၊ မေ ၂၀ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Sergei Ryabkov က ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) အား နိုင်ငံရေးရည်မှန်းချက်ဖြင့် ဟိုဟိုဒီဒီတွန်းပို့မှုတစ်ခုအတွက် အသုံးမချသင့်ကြောင်း မေ ၁၉ ရက်တွင်ပြောကြားလိုက်သည်။
ဝါရှင်တန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံသမ္မတဒေါ်နယ်ထရမ့်က ၂၀၂၀ ပြည့်နှစ် မေလတွင် ရုရှားနိုင်ငံ၌ ကျင်းပမည့် စစ်အောင်ပွဲနေ့(Victory Day) စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် စဉ်းစားနေကြောင်း နှင့် အခမ်းအနားတက်ရောက်နိုင်ရန် ၎င်း၏ အလုပ်အချိန်ဇယား အဆင်ပြေမပြေ မသေချာသေးကြောင်း နိုဝင်ဘာ ၈ ရက်တွင်ပြောကြားလိုက်သည်။
ဆိုးလ်၊ အောက်တိုဘာ ၈ ရက် (ဆင်ဟွာ) တောင်ကိုရီးယားနိုင်ငံက ရုရှားနိုင်ငံနှင့် နှစ်နိုင်ငံလေတပ်ဖွဲ့ လေယာဉ်များပျံသန်းမှုဆိုင်ရာ သတင်းအချက်အလက် ဖလှယ်ရန် စစ်ဘက်ဆိုင်ရာ အရေးပေါ်လိုင်းတစ်ခု တည်ထောင်ရန် တွန်းအားပေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ် (JCS) ၏ ပြောကြားချက်အား ကိုးကား၍ အောက်တိုဘာ ၈ ရက် သတင်းများ၌...
မော်စကို ၊ သြဂုတ် ၇ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံ၏ ခရီးဝေးပျံသန်းနိုင်သည့် ရေငုပ်သင်္ဘောဖျက်ဆီးရေး လေယာဉ် (Tu-142 anti-submarine aircraft) နှစ်စင်းသည် ပစိဖိတ်ရေတပ်အခြေစိုက်စခန်းမှနေ၍ ပစိဖိတ်သမုဒ္ဒရာပေါ် ဖြတ်ကျော်ပျံသန်းကာ ပင်လယ်ပြင်ကင်းလှည့်လည်ထောက်လှမ်းခြင်း တစ်ခုပြုလုပ်ခဲ့ကြောင်း ရုရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက သြဂုတ် ၆ ရက်တွင်ပြောကြားခဲ့သည်။
မော်စကို ၊ ဇူလိုင် ၂၄ ရက်(ဆင်ဟွာ) ရုရှားနိုင်ငံအရှေ့ဖျားပိုင်း Khabarovsk ဒေသ၌ ဇူလိုင် ၂၃ ရက် အစောပိုင်းက ကလေးဂေဟာတစ်ခုမီးလောင်မှုဖြစ်ပွားခဲ့ရာ သေဆုံးသူ ၄ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ဆိုသည်။
မော်စကို၊ မေ ၂၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ အနောက်တောင်ပိုင်း စတပ်ရိုပိုလ်မြို့ရှိ ရိုဒီနာသတင်းစာတိုက်ဝန်ထမ်းအား ဓားကိုင်ထားသည့် အမျိုးသားတစ်ဦးက မေလ ၂၇ ရက်တွင် တိုက်ခိုက်ခဲ့ကြောင်း၊ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း စတပ်ရိုပိုလ် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး ဗလာဒီမာပူတင် ဗလာဒီမီရော့ဗ် (Vladimir Vladimirov)...