ပေကျင်း၊ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် COVID-19 ကူးစက်ရောဂါ ကြိုတင်ကာကွယ်ရေး နှင့် ထိန်းချုပ်ရေး ၊ စီးပွားရေးနှင့်လူမှုရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးတို့တွင် စဉ်ဆက်မပြတ်ကြိုးပမ်း အားထုတ်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
နေပြည်တော် ၊ ဇန်နဝါရီ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန် နှင့် မြန်မာနိုင်ငံမှခေါင်းဆောင်များသည် ဇန်နဝါရီ ၁၇ ရက်တွင်ကျင်းပခဲ့သည့် တရုတ်-မြန်မာသံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့်အခမ်းအနား နှင့် တရုတ်-မြန်မာယဉ်ကျေးမှုခရီးသွားနှစ် ဖွင့်လှစ်ခြင်း အခမ်းအနားများသို့ အတူတကွတက်ရောက်ခဲ့ကြောင်းသိရသည်။
ရန်ကုန် ၊ ဇန်နဝါရီ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်သည် တရုတ်-မြန်မာဆွေမျိုးပေါက်ဖော်(ညီရင်းအစ်ကို)ချစ်ကြည်ရေးကို ပိုမိုခိုင်မာစေမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး ချန်းဟိုင်(Chen Hai) က ဆိုသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) လာမည့်ရက်သတ္တပတ်တွင် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်မည့် တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်၏ ခရီးစဉ်သည် တရုတ်-မြန်မာဆက်ဆံရေးကဏ္ဍ၌ ပိုမို တိုးတက်ကြွယ်ဝလာမည်ဖြစ်ပြီး ခေတ်သစ်တစ်ခုကို အစပြုခြင်း ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး လော်ကျောက်ဟွေး(Luo Zhaohui) က ဇန်နဝါရီ ၁၀ ရက်တွင် ပြောကြားခဲ့သည်။
ပေကျင်း ၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ) တရုတ်လူမျိုးတို့၏သွင်ပြင်လက္ခဏာနှင့်အတူ နိုင်ငံ၏ အဓိကသံတမန်ရေးဆိုင်ရာများကို ရေးသားဖော်ပြထားသည့် တရုတ်နိုင်ငံကွန်မြူနစ်ပါတီအထွေထွေအတွင်းရေးမှူး ရှီကျင့်ဖိန်၏ “သံခင်းတမန်ခင်း ပို့ချချက်များ” ကျမ်းစာအုပ်ကို တရုတ်နိုင်ငံကွန်မြူနစ်ပါတီ ပုံနှိပ်ဌာနမှ ရိုက်နှိပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၃ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား စစ်ရေးလေ့ကျင့်မှုစတင်ရန် အမိန့်ကြေညာချက်တစ်စောင်ကို ဇန်နဝါရီ ၃ ရက်တွင် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းမှာ ၂၀၂၀ ပြည့်နှစ်တွင် ဗဟိုစစ်ကော်မရှင်(CMC) ၏ ပထမဦးဆုံးထုတ်ပြန်သော အမိန့်တစ်ရပ်ဖြစ်ကြောင်း သိရသည်။
ပေကျင်း ၊ ဇန်နဝါရီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က တရုတ်ပြည်သူ့နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု ညီလာခံ(CPPCC) အမျိုးသားကော်မတီတွင် နှစ်သစ်ကူးတွေ့ဆုံပွဲ အခမ်းအနားတစ်ခုပြုလုပ်ခဲ့ကြောင်း သိရသည်။
မကာအို ၊ ဒီဇင်ဘာ ၁၈ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ယနေ့(ဒီဇင်ဘာ ၁၈ ရက်) မွန်းလွဲပိုင်းတွင် အမိမြေသို့မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် အခမ်းအနားတက်ရောက်ရန် မကာအိုသို့ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
ပေကျင်း ၊ ဒီဇင်ဘာ ၁၅ ရက်(ဆင်ဟွာ) ဒေသတွင်းစီးပွားရေး စီမံကိန်းများက ပိုမိုကောင်းမွန်သော အခွင့်အလမ်းများရရှိလာမှု နှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်လာမှု ဆိုင်ရာအကြောင်းများကို ရေးသားထားသည့် တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်၏ ဆောင်းပါးတစ်ပုဒ်ကို ဒီဇင်ဘာ ၁၆ ရက်တွင် ထွက်ရှိမည့် ၂၀၁၉ ခုနှစ် Qiushiဂျာနယ် အတွဲ ၂၄...
ပေကျင်း ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် အမိမြေသို့ မကာအိုပြန်လည်ရောက်ရှိခြင်း နှစ် ၂၀ ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ရန် ဒီဇင်ဘာ ၁၈ ရက်မှ ၂၀ ရက်ထိ မကာအိုသို့သွားရောက်မည်ဖြစ်ကြောင်း သိရသည်။