ဘဂ္ဂဒက်၊ ဩဂုတ် ၂၁ ရက် (ဆင်ဟွာ) အမေရိကန် ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များ သုံးနှစ်အတွင်း အီရတ်နိုင်ငံမှ ရုပ်သိမ်းသွားမည် ဖြစ်ကြောင်း အီရတ်နှင့် အမေရိကန်က ဩဂုတ် ၂၀ ရက်က ကြေညာလိုက်ကြောင်း တရားဝင် Iraqi News Agency (INA) က သတင်းဖော်ပြခဲ့သည်။
ဝါရှင်တန် ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က အီရန်နိုင်ငံအပေါ် အမြန်ဆုံး ပြန်လည် အရေးယူ ပိတ်ဆို့မှု ပြုလုပ်သွားရန် အမေရိကန်နိုင်ငံအနေဖြင့်တောင်းဆိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၁၉ ရက် တွင် ပြောကြားခဲ့သည်။
ပေကျင်း၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် လာမည့်ရက်များတွင် တယ်လီဖုန်းဖြင့် ဆက်သွယ်ပြောဆိုဆွေးနွေးရန် သဘောတူထားကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဩဂုတ် ၂၀ ရက်တွင် ပြောကြားလိုက်သည်။
ဝါရှင်တန်၊ ဩဂုတ် ၂၀ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အစိုးရသည် တီဟီရန်အပေါ် ဖိအားပေးလုပ်ဆောင်မှုကို တိုးမြှင့်သည့်အနေဖြင့် အီရန် Mahan Air လေကြောင်းလိုင်းအား ထောက်ပံ့မှုပေးခဲ့သော အာရပ်စော်ဘွားများပြည်ထောင်စု (UAE) အခြေစိုက် ကုမ္ပဏီနှစ်ခုကို ပိတ်ဆို့အရေးယူလိုက်ကြောင်း ဩဂုတ် ၁၉ ရက်က ပြောကြားခဲ့သည်။
ဝါရှင်တန် ၊ ဩဂုတ် ၁၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ လက်ရှိကျင်းပပြုလုပ်နေဆဲဖြစ်သော ဒီမိုကရက်တစ်ပါတီ နိုင်ငံလုံးဆိုင်ရာ ညီလာခံတွင် ပါတီ၏ သမ္မတလောင်းအဖြစ် ဂျိုးဘိုင်ဒန်အား တရားဝင်တင်သွင်းရန် ဩဂုတ် ၁၈ ရက်က မဲပေး၍ တညီတညွတ်ထဲ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
မော်စကို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံမှ တိုက်ခိုက်ရေးဂျက်လေယာဉ်များသည် ဘောလ်တစ်ပင်လယ်နှင့် ပင်လယ်နက်အပေါ်သို့ ပျံသန်းလားသည့် အမေရိကန် ကင်းထောက်လေယာဉ် သုံးစင်းနှင့် ဗြိတိန် ကင်းထောက်လေယာဉ် တစ်စင်းကို ဩဂုတ် ၁၇ ရက်က ကြားဖြတ်ဟန့်တားခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့သည်။
ဗီယင်နာ၊ ဩဂုတ် ၁၈ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဩစတြီးယားနိုင်ငံ မြို့တော် ဗီယင်နာတွင် ဩဂုတ် ၁၇ ရက်က လက်နက် ထိန်းချုပ်ရေးဆိုင်ရာ ဆွေးနွေးပွဲ အသစ်တစ်ဖန် ကျင်းပခဲ့ရာ New START မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးစာချုပ် သက်တမ်းတိုးရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဝါဆော၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုသည် ဩဂုတ် ၁၅ ရက်က ပိုလန်နိုင်ငံသို့ သွားရောက်လည်ပတ်စဉ် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီး ပိုလန်တွင် တပ်ဖွဲ့ဝင် တိုးမြှင့်ချထားရန် တရားဝင် အတည်ပြုခဲ့သည်။ သုံးသပ်လေ့လာသူအချို့က အဆိုပါ သဘောတူညီချက်သည် ပိုလန်-အမေရိကန် ဆက်ဆံရေး...
နယူးယောက် ၊ ဩဂုတ် ၁၇ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ဩဂုတ် ၁၆ ရက်ထိ COVID-19 အတည်ပြုလူနာပေါင်း ၅.၄ သန်း နှင့် သေဆုံးသူပေါင်း ၁၇၀, ၀၀၀ ဖြင့် အမြင့်ဆုံး ပမာဏသို့ ရောက်ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန(CSSE) မှ...
ဝါရှင်တန်၊ ဩဂုတ် ၁၆ ရက်(ဆင်ဟွာ) ပြီးခဲ့သောရက်က ရုရှားနိုင်ငံ သမ္မတ ပူတင်အဆိုပြုခဲ့သည့် အီရန် နျူကလီးယားအရေး ဗွီဒီယို ထိပ်သီးအစည်းအဝေးကို ပါဝင်တက်ရောက်မည်မဟုတ်ကြောင်း အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဩဂုတ် ၁၅ ရက်တွင် ပြောကြားခဲ့သည်။