ဆန်ဖရန်စစ္စကို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ အနောက်ပိုင်း ကယ်လီဖိုးနီးယားပြည်နယ်ရှိ အဝေးပြေးလမ်းမကြီး တစ်ခုပေါ်တွင် ယာဉ် ငါးစီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ဆိုင်ရာ အဝေးပြေးလမ်း လှည့်ကင်း တာဝန်ရှိသူများက နိုဝင်ဘာလ ၂၆ ရက်က ပြောကြားခဲ့သည်။
မော်စကို၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက ဥရောပ နှင့် အမေရိကန်နိုင်ငံ၌ လာမည့် နှစ်သစ်ကူးအားလပ်ရက်များအတွင်း အကြမ်းဖက်တိုက်ခိုက်မှု အန္တရာယ် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း နိုဝင်ဘာ ၁၇ရက်ကပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နှင့် အမေရိကန် ဆက်ဆံရေးအကြောင်း ပြောကြားရာတွင် ပူးပေါင်းဆောင်ရွက်ခြင်း နည်းလမ်း တစ်ခုတည်းကသာ မှန်ကန်သော ရွေးချယ်မှု ဖြစ်သည်ဟု ပြောကြားခဲ့သည်။
ပေကျင်း၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဇနီး ဖုန်းလိယွမ်တို့သည် တရုတ်နိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အား ယနေ့ (နိုဝင်ဘာလ ၈ ရက်) နေ့လည်ပိုင်းတွင် နန်းတော်ပြတိုက်၌ ကြိုဆိုကာ...
ပေကျင်း ၊ နိုဝင်ဘာ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်က အမေရိကန်နိုင်ငံတက္ကဆက်ပြည်နယ်၌ ဖြစ်ပွားခဲ့သော လူပေါင်း ၂၇ ဦးသေဆုံးပြီး အနည်းဆုံး ၂ဝ ဦးထိခိုက်ဒဏ်ရာရခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာတစ်စောင်အား အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံ နိုဝင်ဘာလ ၆ ရက်က ပေးပို့ခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၈ ရက်(ဆင်ဟွာ) အမေရိကန်ရေတပ်မှ ၁၄ စင်းမြောက် Virginia-class အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘော ယူအက်စ်အက်စ်ဝါရှင်တန်( U.S.S ) ကို အောက်တိုဘာလ ၇ ရက်တွင် ဗာဂျီးနီးယားပြည်နယ်ရှိ ရေတပ်စခန်း၌ စတင်ရေချခဲ့ကြောင်း သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) ဆော်ဒီအာရေဗျနိုင်ငံသို့ အမေရိကန်ဒေါ်လာ ၁၅ဘီလီယံတန်ဖိုးရှိသည့် THAAD ဒုံးကျည်ကာကွယ်ရေး လက်နက်များ ရောင်းချမည့်အစီအစဉ်ကို အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနက အောက်တိုဘာ ၆ရက်တွင် အတည်ပြုပေးခဲ့ကြောင်း ပင်တဂွန်စစ်ဋ္ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။
ဝါရှင်တန်၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ) အကြမ်းဖက်မှု တိုက်ဖျက်ရေး နှင့် လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းစဉ်များတွင် အပြုသဘောတိုးတက်လာသော ဆူဒန်နိုင်ငံ၏ ဆောင်ရွက်ချက်များကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန်အစိုးရ က ဆူဒန်နိုင်ငံအပေါ် ဆယ်စုနှစ် ၂ခုကြာ ပိတ်ဆို့တားမြစ်မှုများကို အောက်တိုဘာ ၆ရက် က ပြန်လည်ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
ဝါရှင်တန် ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေး နှင့် အကောက်အခွန် စိစစ်ရေး ဌာန(ICE) သည် ၄ရက်ကြာပြုလုပ်သော တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးနှိမ်နင်းရေး စီမံချက်အတွင်း နိုင်ငံခြားသား ၄၉၈ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း အမေရိကန်သတင်းမီဒီယာများက စက်တင်ဘာလ ၃ဝရက်တွင် ဖော်ပြခဲ့သည်။
ဝါရှင်တန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ကန်းဆက်ပြည်နယ်၌ စက်တင်ဘာလ ၃၀ ရက်တွင် အမျိုးသား တစ်ဦးက အမျိုးသမီး တစ်ဦးအား မီးရှို့ခဲ့ရာ အဆိုပါ အမျိုးသမီး သေဆုံးသွားခဲ့ပြီး ရဲအရာရှိ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ မီဒီယာက သတင်းတင်ပြထားသည်။