ပေကျင်း၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်သည် ဧပြီ ၁၁ ရက်က အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီနှင့် ဗွီဒီယိုဖြင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ အိမ်ဖြူတော်၏ထုတ်ပြန်ချက်အရ ဘိုင်ဒန်သည် အမေရိကန်နှင့် ၎င်း၏အနောက်နိုင်ငံမဟာမိတ်များနှင့်အတူ ရုရှားစွမ်းအင် ဝင်ငွေကို တားဆီးရေးလှုပ်ရှာမှုတွင် အိန္ဒိယပူးပေါင်းပါဝင်စေလိုကြောင်းနှင့် “ယခုအချိန်တွင် ရုရှားရေနံစသည့်ကုန်စည်ပစ္စည်းများကို ထပ်တိုးမဝယ်ယူရန်”အဆိုပြုခဲ့ကြောင်း...
ဟူစတန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတောင်ပိုင်း လူဝီစီးယားနားပြည်နယ်၏ အကြီးဆုံးမြို့ဖြစ်သည့် နယူးအော်လင်းမြို့၌ ၇၂ နာရီအတွင်း အနည်းဆုံးလူပေါင်း ၁၈ ဦးသေနတ်ပစ်ခတ်ခံရပြီး ယင်းတို့အနက် အနည်းဆုံး ၅ ဦးသေဆုံးသွားခဲ့ကြောင်း ၊ ထိုအရေအတွက်မှာ ပြီးခဲ့သော ဆယ်စုနှစ်အတွင်း စံချိန်တင်ပမာဏဖြစ်ကြောင်း ဒေသတွင်းမီဒီယာက ဧပြီ ၁၁...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျောက်လိကျန်းက “COVID-19 က ခွဲခြားပြီးကူးစက်ခံရမှုမရှိဘူးဆိုပေမဲ့ အမေရိကန်အသိုင်းအဝိုင်းမှာတော့ခွဲခြားကူးစက်ခံနေရတာဖြစ်ပါတယ်” ဟု ဧပြီ ၆ ရက် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ကုလသမဂ္ဂ စီးပွားရေးပညာရှင်များနှင့် ပူးပေါင်းလျက် ဆင်းရဲသူများ အခွင့်အရေးဆိုင်ရာ အမေရိကန် အဖွဲ့အစည်းတစ်ခုက “ဆင်းရဲသောပြည်သူများ၏...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်နှင့် ထိုင်ဝမ်တို့သည် အချင်းချင်းချိတ်ဆက်နေကြပြီး အချို့သူများက ကွဲပြားသော ကိစ္စရပ်နှစ်ခုဖြစ်သည့် ထိုင်ဝမ်နှင့် ယူကရိန်းအရေးကို နှိုင်းယှဉ်ပြောဆိုကာ မငြိမ်မသက်မှုကို အခွင့်ကောင်းယူ၍ လူများအား ရှုပ်ထွေးစေရန် ကြံစည်နေကြောင်းနှင့် ထိုသို့လုပ်ဆောင်ချက်မှာ မီးနှင့်ဆော့ကစားခြင်းဖြစ်ပြီး ကစားသူကိုယ်တိုင်သာ မီးမြိုက်ခံရမည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက...
ပေကျင်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ) အမေရိကန်ဘက်မှ ယူကရိန်းအား စစ်ရေးအကူအညီများ ပိုမိုပေးအပ်သည့်အနေဖြင့် ယူကရိန်းစစ်ပွဲ မဖြစ်ပွားမီ အမေရိကန်နိုင်ငံ၌ ယူကရိန်းတပ်ဖွဲ့ဝင်များကို လေ့ကျင့်မှုပေးခဲ့သလို လက်ရှိတွင်လည်း ၎င်းတို့အား မောင်းသူမဲ့လေယာဉ် ထိန်းချုပ်မောင်းနှင်ခြင်း လေ့ကျင့်ပေးလျက်ရှိကြောင်း အမေရိကန်စစ်တပ်က ဧပြီ ၆ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ အမေရိကန်က ယူကရိန်းအား...
မော်စကို၊ ဧပြီ ၇ ရက်(ဆင်ဟွာ) ပြီးခဲ့သည့်ရက်ပိုင်းတွင် ယူကရိန်း၌ ရုရှားစစ်တပ်က အရပ်သားများအား သတ်ဖြတ်သည်ဟူသော စွပ်စွဲချက်ဖြစ်သည့် ”ဘူချာ ဖြစ်ရပ်”ကြောင့် ဥရောပတိုက်တွင် ပြင်းထန်သည့် သံတမန်တိုက်ပွဲ ဖြစ်ပွားလာသည်။ ဥရောပတိုက်နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်က ရုရှားသံတမန် အယောက် ၁၀၀ ကျော်ကို နှင်ထုတ်မှုများ ပြုလုပ်ခဲ့သည်။ ထို့အပေါ်ရုရှားဘက်က...
ဝါရှင်တန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) ယူကရိန်းနိုင်ငံတွင် အထူးစစ်ဆင်ရေးများလုပ်ဆောင်ခဲ့သည့် ရုရှားနိုင်ငံအပေါ် ထပ်တိုးအရေးယူမှုလုပ်သည့်အနေဖြင့် ရုရှားနိုင်ငံသမ္မတဗလာတီမာပူတင်၏ သမီး ၂ ဦး နှင့် ရုရှားနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းစုများကို ပစ်မှတ်ထား၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း အမေရိကန်နိုင်ငံက ဧပြီ ၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။...
ပေကျင်း၊ ဧပြီ ၇ ရက်(ဆင်ဟွာ) အမေရိကန်က တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ စစ်လက်နက်ပစ္စည်းရောင်းချမှုကို တရုတ်နိုင်ငံက ပြတ်သားစွာ ကန့်ကွက်ကြောင်းနှင့် အားကောင်းခိုင်မာသည့်နည်းလမ်းများ ဆက်လက်အသုံးပြုပြီး မိမိ၏အချုပ်အခြာအာဏာနှင့်လုံခြုံရေးအကျိုးစီးပွားကို ခိုင်မာစွာ ကာကွယ်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက ဧပြီ ၆ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက...
ဝါရှင်တန် ၊ ဧပြီ ၆ ရက်(ဆင်ဟွာ) အမေရိကန်ပြည်ထောင်စု ၊ ဗြိတိန် နှင့် ဩစတြေးလျနိုင်ငံတို့ သည် အသံထက်မြန်သော ဟိုက်ပါဆိုးနစ်ဒုံးကျည်များ(hypersonic missiles) ပူးပေါင်းတီထွင်ထုတ်လုပ်သွားမည်ဖြစ်ကြောင်း ၎င်းတို့က ဧပြီ ၅ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် ၊ ဗြိတိန်ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် နှင့် ဩစတြေးလျဝန်ကြီးချုပ်စကော့မော်ရစ်ဆင်တို့သည် သုံးပွင့်ဆိုင်ကာကွယ်ရေး...
ဝါရှင်တန်၊ ဧပြီ ၆ ရက် (ဆင်ဟွာ) အမေရိကန်သည် မကြာသေးမီက အသံထက်မြန်သည့် ဒုံးကျည်တစ်စင်း စမ်းသပ်ပစ်လွှတ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန အဆင့်မြင့်သုတေသနစီမံကိန်းအေဂျင်စီ (DARPA) က ဧပြီ ၅ ရက်တွင်သတင်းထုတ်ပြန်ခဲ့သည်။ စမ်းသပ်ပစ်လွှတ်မှုသည် မတ်လလယ်တွင် လုပ်ဆောင်ခဲ့သော်လည်း ရုရှားနှင့်တင်းမားမှုများ တိုးမြင့်ခြင်းမှ ရှောင်ရှားရန် နှစ်ပတ်ကြာ လျှို့ဝှက်ထားကြောင်း...