ရန်ကုန်၊ ဧပြီ ၁၇ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင်တိုင် ၃၁၉/၁ အနီးတွင် ယနေ့ ဧပြီ ၁၇ ရက် နေ့လည် ၁၂နာရီ ၂၀မိနစ်တွင် ကားမီးလောင်မှုဖြစ်ပွားပြီး လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ စက်တင်ဘာ ၂၅ ရက် (ဆင်ဟွာ) ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုကြောင့် ၂နှစ်ခွဲကာလအတွင်း လူ ၃၆၅ဦး သေဆုံးပြီး ၂၄၇၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းများအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ) ရန်ကုန် – မန္တလေး အမြန် လမ်းမကြီးတွင် ယာဉ်အန္တရာယ် လျှော့ချရေး ရက် (၁၀၀) စီမံချက် အဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ချမှတ် ဆောင်ရွက်နေကြောင်း ယင်းဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။