Connect with us

Social

ရန်ကုန် – မန္တလေး အမြန်လမ်းမကြီး ယာဉ်အန္တရာယ် လျှော့ချရေး ရက် ၁၀၀ စီမံချက် ဆောက်လုပ်ရေး ဝန်ကြီးဌာန ချမှတ် ဆောင်ရွက်

ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး ယာဉ်အန္တရာယ် လျှော့ချရေး အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ နှိုးဆော်စာ အား တွေ့ရစဉ် (ဓာတ်ပုံ-ဆောက်လုပ်ရေးဝန်ကြီးဌာန)

ရန်ကုန် ၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

ရန်ကုန် – မန္တလေး အမြန် လမ်းမကြီးတွင် ယာဉ်အန္တရာယ် လျှော့ချရေး ရက် (၁၀၀) စီမံချက် အဖြစ် ဆောက်လုပ်ရေး ဝန်ကြီးဌာနသည် ချမှတ် ဆောင်ရွက်နေကြောင်း ယင်းဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့သည်။

ထိုကဲ့သို့ယာဉ်အန္တရာယ် လျှော့ချရေး ရက် (၁၀၀) စီမံချက် ချမှတ် ဆောင်ရွက်နေသဖြင့် ခရီးသွား ပြည်သူများ မှလည်း ပူးပေါင်း တာဝန်ယူ ဆောင်ရွက်ပေးရန် မေတ္တာ ရပ်ခံသည့် လက်ကမ်း စာစောင်များ ဖြန့်ဝေပေးလျက် ရှိပြီး ထိုစာစောင်များတွင် အမြန်လမ်းမကြီးတွင် ယာဉ်မောင်းစဉ် လိုက်နာရမည့် အချက်များ ၊ အမြန်လမ်း ရဲတပ်ဖွဲ့၊ ရဲစခန်း တည်နေရာနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ၊ အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေး အဖွဲ့အင်ဂျင်နီယာ စခန်း တည်နေရာနှင့် ဖုန်းနံပါတ်များ ၊ ယာဉ်မမောင်းမီ စစ်ဆေးရမည့် အချက်များ ၊ ဖုန်း အရေးပေါ် ခေါ်ဆိုရန် HOTLINE နံပါတ် နှင့် အမြန်လမ်းမကြီးတွင် လိုက်နာရမည့် စည်းကမ်းများ ဖော်ပြ ပါဝင်ကြောင်း သိရသည်။

ထို့အတူ နိုင်ငံတော် တိုးတက် ဖွံ့ဖြိုးရေး အတွက် အစိုးရသည် ရက် (၁၀၀) စီမံချက် ချမှတ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117