ဒါကာ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ) ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ တရုတ်စီးပွားရေးလုပ်ငန်းများသည် ယခုအထိ နိုင်ငံအတွင်း အလုပ်အကိုင်အခွင့်အလမ်း ၅၅၀,၀၀၀ နီးပါး ပံ့ပိုးပေးခဲ့ကြောင်း နှင့် ဒေသခံများအကြား အလုပ်အကိုင်များ သိသိသာသာတိုးတက် လာခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးက ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။ (Xinhua) —————————- Chinese...
တရုတ်နိုင်ငံအနေဖြင့် အလုံးစုံအလုပ်အကိုင်တည်ငြိမ်ရေးကို ကြိုးပမ်းရာတွင် လုပ်ခလစာတည်ငြိမ်ရေး နှင့်အလုပ်အကိုင်ဖန်တီးမှုတိုးမြှင့်ရေးအတွက် အားကောင်းသည့် မူဝါဒများ ချမှတ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် တရုတ်နိုင်ငံ ဝန်ကြီးချုပ်လီခဲ့ချန်က သဘာပတိအဖြစ် ကျင်းပသော နိုင်ငံတော်ကောင်စီ အမှုဆောင်အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။ (Xinhua) ……………………………………. (English Version) China will introduce...
ရန်ကုန် ၊ အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဆောင်ရွက်ဆဲလုပ်ငန်း ၈ ခုမှ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် မွေးမြူရေးနှင့်ရေလုပ်ငန်းကဏ္ဍ၊ စက်မှုကဏ္ဍ၊ အိမ်ရာအဆောက်အဉီကဏ္ဍ၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ ကဏ္ဍ နှင့် အခြားဝန်ဆောင်မှုကဏ္ဍတို့မှ လုပ်ငန်းသစ်(၅)ခု ကို ကော်မရှင်၏ (၁၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ စက်တင်ဘာ ၃၀ ရက်(ဆင်ဟွာ) ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၄,၉၁၅ နေရာကို ဖန်တီးပေးနိုင်မည့် လုပ်ငန်းများအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၃/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးတွင် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန(DICA)ထံမှ သိရသည်။
ပေကျင်း၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ရှင်းကျန်း(ဝေဂါ)ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသ အလုပ်အကိုင် နှင့် အလုပ်သမားအခွင့်အရေးဆိုင်ရာ စက္ကူဖြူစာတမ်းတစ်စောင်ကို တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဟနွိုင်း၊ ဇွန် ၂၇ ရက် (ဆင်ဟွာ) အာဆီယံ ၁၀ နိုင်ငံမှခေါင်းဆောင်များသည် ဇွန်လ ၂၆ ရက်တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပသော ၃၆ ကြိမ်မြောက်အာဆီယံ ထိပ်သီးအစည်းအဝေး၌ ပြောင်းလဲနေသည့် ကမ္ဘာ့အလုပ်သမားရေးရာကဏ္ဍတွင် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာဆီယံကြေညာချက် (ASEAN Declaration on Human Resources Development...
နေပြည်တော်၊ ဇွန် ၂၇ ရက်(ဆင်ဟွာ) ပြည်ပရောက် မြန်မာနိုင်ငံသားများထံမှ မြန်မာနိုင်ငံသို့ ပြန်လည်ပေးပို့သော မိသားစု လွှဲပို့ ငွေ ပမာဏမှာ မြန်မာနိုင်ငံတော် ဗဟိုဘဏ် စာရင်းအရ ၂၀၁၉ ဧပြီလမှ ၂၀၂၀ မတ်လအထိ၊ အစိုးရ၏ စတုတ္ထ တစ်နှစ်တာအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁...
ပေကျင်း၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အစိုးရက ပံ့ပိုးပေးထားသော အွန်လိုင်း အလုပ်အကိုင်စုဆောင်ရေးဝန်ဆောင်မှု ပလက်ဖောင်းက ၎င်းလုပ်ငန်းစတင်ခဲ့သည့် မတ်လကစတင်ကာ ကောလိပ်ဘွဲ့ရများအတွက် အလုပ်အကိုင်နေရာပေါင်း ၁၃ သန်းကျော် ကမ်းလှမ်းနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၁၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဖြစ်ပွားခဲ့သော ဧပြီလ နှင့် မေလတို့တွင် လျော့ကျသွားခဲ့သည့် ပြည်တွင်းအလုပ်အကိုင် ရရှိမှုများ ပြန်လည်ကောင်းမွန်လာရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း အလုပ်သမား ၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ယနေ့...
ရန်ကုန် ၊ မတ် ၂၀ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ပြည်ပသို့အလုပ်အကိုင် စေလွှတ်မှုများ ယာယီ ရပ်နားထားကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ အမြဲတမ်း အတွင်းဝန် ဦးမျိုးအောင်က ယနေ့တွင် ပြောကြားခဲ့သည်။