နယူးဒေလီ ၊ ဇွန် ၃ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံမိုးလေဝသဌာန(IMD) က အိန္ဒိယနိုင်ငံမြောက်ပိုင်း အထူးသဖြင့် အူထရာပရာဒတ်ရှ် ၊ ဟာယနာ ၊ ဒေလီ စသည့်ပြည်နယ်များ နှင့် ချန်ဒီဂရပ် ဒေသများတွင် အပူလှိုင်းကျရောက်သည့် အန္တရာယ်ကို သတိပေးချက်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မေ ၂၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovindက လက်ရှိဝန်ကြီးချုပ် နာရန်ဒြာ မိုဒီအား ဒုတိယသက်တမ်းအတွက် ဆက်လက်တာဝန်ထမ်းဆောင်ရန် အတည်ပြုကြောင်း မေ ၂၅ ရက်က ကြေညာခဲ့ပြီး တစ်ချိန်တည်းမှာပင် ၎င်း၏အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ အမည်စာရင်းကိုလည်း တင်သွင်းရန် အမိန့်ပေးခဲ့ကြောင်း...
နယူးဒေလီ၊ မေ ၁၃ ရက်(ဆင်ဟွာ) အပူပိုင်းဆုင်ကလုန်း ဖန်နီကြောင့် အိန္ဒိယနိုင်ငံတွင် သေဆုံးသူ ဦးရေသည် ၆၄ ဦးအထိရောက်ရှိသွားပြီဖြစ်ပြီး ဒဏ်ရာရသူ အနည်းဆုံး ၂၄၁ ဦး ရှိကြောင်း အိန္ဒိယနိုင်ငံ Odisha ပြည်နယ် အစိုးရက မေ ၁၂ ရက် တွင် အတည်ပြုခဲ့သည်။
နယူးဒေလီ ၊ မေ ၁၂ ရက် (ဆင်ဟွာ) အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် တွင် မေလ ၁၁ ရက် ၌ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။
နယူးဒေလီ ၊ မေ ၆ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဥဒစ္စပြည်နယ်၌ ဖန်နီဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် သေဆုံးသူ ၃၃ ဦးထိမြင့်တက်သွားပြီဖြစ်ကြောင်း ဒေသတွင်းမီဒီယာက မေ ၅ ရက်တွင် ဖော်ပြခဲ့သည်။
နယူးဒေလီ၊ မေ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟီမာချယ် ပရာဒတ်ရှ်ပြည်နယ်တွင် မေလ ၂ ရက်က ချောက်နက်ကြီးတစ်ခုအတွင်းသို့ ကားတစ်စီးပြုတ်ကျပြီးနောက် အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားသူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဒေလီမြို့စွန်တွင် မတ်လ ၂၉ ရက် နံနက်ပိုင်းက ဘတ်စ်ကားတစ်စီးနှင့် ထရပ်ကားတစ်စီး ဝင်တိုက်မှုကြောင့် အနည်းဆုံး လူ ၃ ဦးသေဆုံးပြီး အခြားသူ ၃၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန္ဒြာမိုဒီ က အိန္ဒိယသိပ္ပံပညာရှင်များသည် အနိမ့်ပိုင်းကမ္ဘာဂြိုဟ်ပတ်လမ်းကြောင်း (LEO) ပေါ်တွင် လည်ပတ်နေသော ဂြိုဟ်တုတစ်လုံးကို ဂြိုဟ်တုတားဆီးရေးလက်နက် A-SAT ဖြင့် ပစ်ချခဲ့ကြောင်း မတ် ၂၇ ရက်တွင် အံသြဖွယ် မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
မွမ်ဘိုင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းမြို့ တွင် လူကူးတံတားတစ်စင်း ပြိုကျမှုကြောင့် အမျိုးသမီး ၃ဦးအပါအဝင် လူ ၅ဦးသေဆုံးခဲ့ကြောင်း မတ် ၁၄ရက် နှောင်းပိုင်းသတင်းများ ကဖော်ပြခဲ့သည်။
ဝါရှင်တန်၊ မတ် ၅ ရက်(ဆင်ဟွာ) အမေရိကန်အစိုးရက သမ္မတထရမ့်၏ညွှန်ကြားချက်အရ အိန္ဒိယနှင့် တူရကီ၏ အကောက်ခွန် သက်သာခွင့်(GSP)ကို ဖျက်သိမ်းရန် စီစဉ်နေကြောင်း အမေရိကန် ကုန်သွယ်ရေးကိုယ်စားလှယ် Lighthizerက မတ်လ ၄ ရက်တွင် ပြောကြားခဲ့သည်။