နယူးဒေလီ၊ ဧပြီ ၃၀ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသောနေရာများ၌ မိုးကြိုးထိမှန်ကာ အနည်းဆုံး လူ ၁၁ ဦး သေဆုံးပြီး ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ဧပြီလ ၃၀ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဧပြီ ၂၈ ရက် တွင် ရပ်ထားသော ကုန်တင်ယာဉ်တစ်စီးအား ခရီးသည်ယာဉ်တစ်စီးက ဝင်တိုက်မိရာ အနည်းဆုံး လူ ၉ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် မတူညီသော ယာဉ်တိုက်မှု နှစ်ခုဖြစ်ပွားပြီးနောက် လူ ၇ ဦး သေဆုံးပြီး အခြားသူ ၃ ဦး ဒဏ်ရရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ သမ္မတ Ram Nath Kovind သည် သက်ငယ်မုဒိမ်းမှုကျူးလွန်သူများအား သေဒဏ်ပေးရန် တရားရုံးများအား ခွင့်ပြုသည့် အရေးပေါ်အမိန့်ကို ဧပြီ ၂၂ရက်က လက်မှတ်ရေးထိုးပေးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၁၈ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အလယ်ပိုင်း Madhya Pradesh ပြည်နယ်တွင် မင်္ဂလာဆောင်ပွဲတစ်ခုမှ လူများကို သယ်ဆောင်လာသော မီနီထရပ်ကားတစ်စီးသည် တံတားတစ်စင်းပေါ်မှ ပြုတ်ကျခဲ့ရာ အနည်းဆုံး လူ ၂၁ဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီ ၁၈ ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ ဧပြီ ၉ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီအနီးတွင် သတင်းထောက် တစ်ဦးသည် ၎င်း၏ နေအိမ်အတွင်းမှာပင် သေနတ်ပစ်ခံရပြီး စိုးရိမ်ဖွယ် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဧပြီလ ၉ ရက်တွင် ပြောကြားလိုက်သည်။
နယူးယောက် ၊ မတ် ၂၅ ရက်(ဆင်ဟွာ) အိန္ဒိယသမုဒ္ဒရာတောင်ပိုင်း Southeast Indian Ridge (SEIR) ၌ မတ်လ ၂၄ ရက် ဂရင်းနစ်စံတော်ချိန် ၁၉:၅၈:၃၃ နာရီတွင် ပြင်းအား ၆.၃ ရစ်ချက်စတာစကေးရှိ ငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးဌာနက ဆိုသည်။
နယူးဒေလီ၊ မတ် ၂၄ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် တွင် မတ် ၂၃ ရက်က ကုန်တင်ကားတစ်စီးသည် ခရီးသည်များ လိုက်ပါလာသော မော်တော်ယာဉ်တစ်စီးအား ဝင်တိုက်မိ၍ အနည်းဆုံး လူ ၁၀ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၂၃ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် ရှိ မီးရှူးမီးပန်းစက်ရုံအတွင်း ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ဦးသေဆုံးပြီး အခြားလူ ၁၅ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက မတ် ၂၃ရက်တွင်ပြောကြားခဲ့သည်။
နယူးဒေလီ၊ မတ် ၁၀ ရက် (ဆင်ဟွာ) ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မေခရွန် (Emmanuel Macron) သည် အိန္ဒိယနိုင်ငံသို့ လေးရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် နယူးဒေလီမြို့သို့ မတ်လ ၉ ရက် ညပိုင်းက ရောက်ရှိခဲ့ကြောင်း သိရသည်။