ရန်ကုန်၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ယခုကာလသည် မြစ်ရေနည်းချိန်ဖြစ်သောကြောင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာနအနေဖြင့် ချင်းတွင်းမြစ်အတွင်းပြေးဆွဲလျက်ရှိသော သင်္ဘောခရီးစဉ်များအား လက်ရှိကာလတွင်ရပ်နားထားကြောင်း၊ ဧရာဝတီမြစ်အတွင်းခရီးစဉ် အနေဖြင့် ကုန်ပစ္စည်းများအတွက် မန္တလေး-ဗန်းမော်ခရီးစဉ်အားပြေးဆွဲပေးလျက်ရှိကြောင်း ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဦးစီးဌာန၊ ရေကြောင်းဌာနမှူးချုပ် ဦးမြင့်သန်းထွန်းက ဆင်ဟွာသို့ ဒီဇင်ဘာ ၁၈ ရက်တွင်ပြောသည်။
ရန်ကုန်၊ ဇူလိုင် ၂၅ ရက် (ဆင်ဟွာ) ချင်းတွင်းမြစ်ရေသည်စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိဖောင်းပြင်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ် အထက် သို့ ကျော်လွန်ရောက်ရှိနေကြာင်း၊ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ မြစ်ရေဌာန မှဦးစီးအရာရှိ ဦးချစ်ထွေးထွန်းက ဆင်ဟွာကို ဇူလိုင် ၂၅...
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့နယ်၊ သာစည်ကျေးရွာတွင် ဖေဖော်ဝါရီ ၂၅ ရက် ညနေ ၄နာရီဝန်းကျင်ခန့်က ကလေးငယ် ၆ဦးသည် ဧရာဝတီမြစ်အတွင်းမှ ဖားဥဟုယူဆရသော ဥများကောက်ယူကြော်စားမိပြီး အစာအဆိပ်သင့်မှုဖြစ်ကာ တစ်ဦးသေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့ထံမှ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၄ ရက် (ဆင်ဟွာ) မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ဧရာဝတီမြစ်အတွင်း ဇူလိုင် ၂၃ ရက် ညနေပိုင်းတွင် စက်လှေတစ်စီး တိမ်းမှောက်ပြီး လူ ၃၉ ဦးပျောက်ဆုံးရာမှ ယနေ့ နံနက်ပိုင်းတွင် လူ ၄ဦး သေဆုံးလျက်ပြန်တွေ့ရှိထားကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ) မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်အတွင်း ဧရာဝတီမြစ်ရေဝင် ရောက်လာမှုကြောင့် အခြေခံပညာကျောင်း(၅၈)ကျောင်း ယာယီပိတ်ထားကြောင်း ပြန်ကြားရေးဝနကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
ရန်ကုန်၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ) ဧရာဝတီမြစ်ရေတိုက်စားပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ကုလားမချောင်ကျေးရွာ မြစ်ကမ်းအနီးရှိ ဓနိမိုး/ကာ၊ ဝါးကြမ်းခင်း နေအိမ် ၇ လုံးအား ဖျက်သိမ်း၍ ကျေးရွာအတွင်းသို့ ပြောင်းရွှေ့ခဲ့ ကြောင်းပြည်ထဲရေးဝန်ကြီးဌာန မှ ယနေ့သတင်းထုတ်ပြန်သည်။