ကိုလံဘို၊ ဇန်နဝါရီ ၆ ရက်(ဆင်ဟွာ)

ကမ်းခြေသန့်ရှင်းရန် ရည်ရွယ်၍ ကိုလံဘိုဆိပ်ကမ်းမြို့မှ စတင်ပြုလုပ်သည့်  “ကိုလံဘို ပင်လယ်ကမ်းခြေ သန့်ရှင်းသာယာလှပရေး အစီအစဉ်” ကို ဇန်နဝါရီ ၄ ရက်က ကိုလံဘိုမြို့အနီးရှိ  MOUNT LAVINIAကမ်းခြေတွင် စတင်ပြုလုပ်ရာ သီရိလင်္ကာနိုင်ငံ၏သက်ဆိုင်ရာ အစိုးရဌာနများ၊ ရဲတပ်ဖွဲ့နှင့်ကမ်းခြေစောင့်တပ်ဖွဲ့များ၊ ဆိပ်ကမ်းမြို့ နှင့် ဒေသခံ စေတနာ့ဝန်ထမ်း ၃၀၀ ကျော် ပါဝင်ခဲ့ကြောင်း သိရသည်။

ကပ်၊ဇန်နဝါရီ ၅ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ ကပ်(Kep)ပြည်နယ် ကပ်(Kep)မြို့တွင် ဇန်နဝါရီ ၃ ရက်က အဆောက်အဦတစ်လုံးပြိုကျမှုအတွင်းသေဆုံးသူဦးရေ ၃၆ ဦးအထိ မြင့်တက်လာပြီဖြစ်ပြီး အခြားဒဏ်ရာရသူ ၂၃ ဦးရှိသည်ဟု ယင်းပြည်နယ်အစိုးရပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆင်ဟွာကို ဇန်နဝါရီ  ၅ ရက် နံနက်ပိုင်းက ပြောကြားခဲ့သည်။ 

ဂျကာတာ၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများကြောင့် လူ ၄၃ ဦးသေဆုံးကာ လူဦးရေ ၄၃,၃၉၀,၀၀၀ ဦး နေရပ်ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။

ဂျကာတာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် အကြီးအကျယ် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၉ ဦးသေဆုံးခဲ့ကြောင်း သဘာဝဘေးလျှော့ချရေးအေဂျင်စီက ဇန်နဝါရီ ၁ ရက်၌ ပြောကြားခဲ့သည်။

ပြုံယမ်း ၊ ဇန်နဝါရီ ၂ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်က နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်များကို အဆင့်မြှင့်တင်ရန် အစိုးရအရာရှိကြီးများ နှင့် သိပ္ပံပညာရှင်များအား အမိန့်ပေးခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင်(KCNA) သတင်းဌာနက ဇန်နဝါရီ ၁ ရက်တွင် ဖော်ပြခဲ့သည်။

ကိုလံဘို ၊ ဒီဇင်ဘာ ၃၁ ရက် (ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံ သမ္မတ ဂိုတာဘာယာ ရာဂျာပက်ဆာ (Gotabaya Rajapaksa) က ဒီဇင်ဘာ ၃၀ ရက် ၌ သီရိလင်္ကာ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု ပုံစံ နှင့် အောင်မြင်မှုများ အပေါ် မြင့်မားစွာ ချီးမွမ်း ပြီး တရုတ် နိုင်ငံ ၏ ဖွံ့ဖြိုးတိုးတက်မှု  အမြန်ရထား နှင့် လိုက်ပါလိုကြောင်း ပြောကြား ခဲ့သည်။

နီပေါ ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

နီပေါ နိုင်ငံ အနောက်တောင်ပိုင်း Chitwan ခရိုင် အတွင်းရှိ ခရီးသွား လုပ်ငန်း အချက်အချာ နေရာ တစ်ခု ဖြစ်သည့် Sauraha ကျေးရွာ၌ ၁၆ ကြိမ်မြောက် ဆင်ပွဲတော်အား ကျင်းပရာတွင် ဆင်အလှပြ စီတန်း လှည့်လည် ဖျော်ဖြေမှုများကိုလည်း ထည့်သွင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကိုလံဘို၊ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

China Merchants Group၏   Colombo International Container Terminals Limited(CICT)ကုမ္ပဏီဝန်ထမ်းများသည်  ဒီဇင်ဘာ ၂၇ ရက်က သီရိလင်္ကာနိုင်ငံ အနောက်ပိုင်းရှိ ဖာ့နီလာကျေးရွာသို့သွားရောက်၍ ဆင်းရဲနွမ်းပါးမှုကူညီထောက်ပံ့ရေး လုပ်ငန်းများလုပ်ဆောင်ခဲ့ရာ ကျေးရွာရှိကျောင်းသားကျောင်းသူ ကလေးငယ်များကို ကျောင်းသုံးပစ္စည်းများကိုလည်းကောင်း သက်ကြီးရွယ်အို အဘိုးအဘွားများအား ကျန်းမာရေးဆေးဝါးပစ္စည်းများအား လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နယူးဒေလီ ၊ ဒီဇင်ဘာ ၂၉ ရက်(ဆင်ဟွာ)

ယခုနှစ် ဆောင်းရာသီသည် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့အတွက် နှစ်ပေါင်း ၁၀၀ ကျော်ကာလအတွင်း အချမ်းအေးဆုံး နှစ် တစ်နှစ်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒီဇင်ဘာ ၂၈ ရက်တွင် မြို့တော်၏ အပူချိန်သည် ၂ဒသမ၄ ဒီဂရီ စင်တီ ဂရိတ် အောက်ထိ ကျဆင်းခဲ့ကြောင်း သိရသည်။

နယူးဒေလီ၊ ဒီဇင်ဘာ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်တွင် ကြက်သွန်နီများ အပြည့်အသိပ်တင်ဆောင်လာသော ထရပ်ကားတစ်စီး ပြန်ပေးဆွဲခံရပြီးနောက် ကြက်သွန်နီများ လုယက်ခံရကြောင်း ရဲတပ်ဖွဲ့က ဒီဇင်ဘာ ၂၈ ရက်တွင် ပြောကြားလိုက်သည်။