နယူးဒေလီ၊ ဧပြီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း Uttar Pradesh ပြည်နယ် ၌ ဧပြီ ၂၈ ရက် တွင် ရပ်ထားသော ကုန်တင်ယာဉ်တစ်စီးအား ခရီးသည်ယာဉ်တစ်စီးက ဝင်တိုက်မိရာ အနည်းဆုံး လူ ၉ဦးသေဆုံးပြီး အခြားလူ ၈ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဟနွိုင်း၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ လယ်ယာစိုက်ပျိုးရေးနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဘဏ် (Agribank) ၌ မှတ်ပုံတင်ထားသော ATM ကဒ် ၄၀၀ ခန့်မှာ ဟက် (Hack) ခံလိုက်ရကြောင်းနှင့် ငွေကြေးများ တရားမဝင် ထုတ်ယူသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာက ဧပြီလ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

ထီဘလီစီ ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

အာမေးနီးယား နိုင်ငံ လွှတ်တော် ဥက္ကဋ္ဌ Ara Babloyan က နိုင်ငံ ဝန်ကြီးချုပ်သစ် ရွေးကောက်ပွဲ ကို မေလ ၁ ရက်နေ့ တွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့၌ ထုတ်ပြန်ကြေညာ ခဲ့သည်။

ပန်မွန်ဂျုံ၊ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင် ( ဝဲ - ဒုတိယ) နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ် ( ယာ-ဒုတိယ) တို့ဦးဆောင်သော နှစ်ဖက်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဧပြီ ၂၇ ရက်)တွင် နှစ်နိုင်ငံနယ်စပ် တောင်ကိုရီးယားနိုင်ငံဘက်အခြမ်း ပန်မွန်ဂျုံရွာရှိ ငြိမ်းချမ်းရေးအိမ်တော်တွင် စတင်ဆွေးနွေးမှုပြုလုပ်နေကြောင်း သိရသည်။

ဂိုယန် ၊ တောင်ကိုရီးယား ၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံသမ္မတမွန်ဂျေအင် နှင့် မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအမ် တို့သည် ယနေ့( ဧပြီ ၂၇ ရက်)တွင် တောင်ကိုရီးယားနိုင်ငံဘက်အခြမ်းရှိ နှစ်နိုင်ငံနယ်စပ် ပန်မွန်ဂျုံရွာ၌ တတိယအကြိမ်မြောက် ကိုရီးယား နှစ်နိုင်ငံထိပ်သီးအစည်းအဝေးကို စတင်ပြုလုပ်နေကြောင်း သိရသည်။

ဂိုယန်၊ တောင်ကိုရီးယား၊ ဧပြီ ၂၇ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအမ်တို့သည် နှစ်နိုင်ငံ နယ်စပ်ကျေးရွာဖြစ်သော ပန်မွန်ဂျုံ၌ ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဧပြီလ ၂၇ ရက်) နံနက်ပိုင်းတွင် တွေ့ဆုံခဲ့သည်။

နယူးဒေလီ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်တွင် ဧပြီလ ၂၆ ရက်က အလိုအလျောက် ထိန်းချုပ်စနစ်သုံး ရထားလမ်းအား ဖြတ်သန်းစဉ် ရထားနှင့် ကျောင်းကားတို့ တိုက်မိရာ အနည်းဆုံး ကလေးငယ် ၁၁ ဦး သေဆုံးပြီး အခြားသူ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ဂိုယန် ၊ တောင်ကိုရီးယား ၊ ဧပြီ ၂၆ ရက်(ဆင်ဟွာ)

တောင်-မြောက်ကိုရီးယားနှစ်နိုင်ငံအား ပိုင်းခြားထားသည့် ပန်းမွန်ဂံျုး(Panmunjom) နယ်စပ်ရွာအတွင်းရှိ စစ်ဘက်ဆိုင်ရာနယ်နိမိတ်မျဉ်း( MDL) တွင် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအမ် နှင့် တွေ့ဆုံဆွေးနွေးသွားရန် စီစဉ်ထားသည်ဟု တောင်ကိုရီးယားနိုင်ငံသမ္မတ မွန်ဂျေအင်က ပြောကြားကြောင်း တောင်ကိုရီယားနိုင်ငံသမ္မတအိမ်ပြာတော်က ယနေ့ဧပြီ ၂၆ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။(Xinhua)

ဂျကာတာ ၊ ဧပြီ ၂၅ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အာချေးဒေသ၌ ရေနံတွင်းတစ်ခု မီးလောင်မှုဖြစ်ပွားရာ လူ ၁ဝ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရသွားကြောင်း အင်ဒိုနီးရှားနိုင်ငံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ Sutopo Purwo Nugroho က ဆင်ဟွာသတင်းဌာနသို့ယနေ့( ဧပြီ ၂၅ ရက်) တွင်ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ ဧပြီ ၂၄ ရက်(ဆင်ဟွာ)

တရုတ်-ပါကစ္စတန် စီးပွားရေးစြင်္ကန်က ပါကစ္စတန်၏ဖွံ့ဖြိုးတိုးတက်ရေးနှင့်သာယာဝပြောရေးအတွက် ခိုင်မာ သည့် အခြေခံအုတ်မြစ်ကောင်းတစ်ခုဖြစ်သလို ဒေသချင်းအပြန်အလှန်ဆက်သွယ်မှုကိုလည်း တိုးမြှင့်အောင် လုပ်ဆောင်ရာရောက်ကြောင်း ပါကစ္စတန် ဝန်ကြီးချုပ် Shahid Khaqan Abbasiက ဧပြီလ ၂၃ ရက်တွင် ပြောကြားခဲ့သည်။