ဆိုးလ်၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတဟောင်း ပက်ဂွမ်ဟေးအား ထောင်ဒဏ် ၂၄ နှစ်နှင့် ငွေဒဏ် ဝမ် ၁၈ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၇ သန်း) ပြစ်ဒဏ်ကျခံစေရန် တရားရုံးက ယနေ့ (ဧပြီလ ၆ ရက်) တွင် ချမှတ်လိုက်ကြောင်း သိရသည်။

နယူးဒေလီ၊ ဧပြီ ၆ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း တယ်လန်ဂါနာပြည်နယ်ရှိ တူးမြောင်း တစ်ခုအတွင်းသို့ ဧပြီလ ၆ ရက်က လယ်ယာအလုပ်သမားများအား တင်ဆောင်လာသော ထွန်စက်တစ်စီး လမ်းမမှချော်ကျကာ တူးမြောင်းအတွင်းသို့ ပြုတ်ကျသွားခဲ့ပြီး အနည်းဆုံး အမျိုးသမီး ၉ ဦး သေဆုံး၍ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

ဆိုးလ် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

တောင်ကိုရီးယားစစ်ဘက် တိုက်လေယာဉ်တစ်စီး ဧပြီလ ၅ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ မြောက်ပိုင်း Gyeongsang ပြည်နယ် Chilgok စီရင်စုရှိ ဂေါက်ကွင်းအနီးတွင် ပျက်ကျခဲ့ကြောင်း တောင်ကိုရီးယား သတင်းမီဒီယာများ၏ရေးသားဖော်ပြချက်များအရ သိရှိရသည်။

နယူးဒေလီ ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

ဧပြီ ၃ ရက်က အိန္ဒိယနိုင်ငံ နေရာအနှံအပြားတွင် ဆူပူလှုပ်ရှားမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ယခုလက်ရှိ သေဆုံးသူ ၉ ဦး ရှိပြီး ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဆူပူလှုပ်ရှားမှုတွင် သေဆုံးသူအများစုမှာ ရဲဘက်မှ သေနတ်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယမီဒီယာများ၏သတင်းများအရ သိရှိရသည်။

ဘန်ကောက်၊ ဧပြီ ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့လယ်ရှိ ၁၄ ထပ်အဆောက်အအုံတစ်ခုတွင် ဧပြီလ ၃ ရက် နံနက်ပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၃ ဦး သေဆုံးပြီး လူများစွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင် မီဒီယာက သတင်းဖော်ပြခဲ့သည်။

ဟနွိုင်း ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ပိုမိုကောင်းမွန်သောဒေသတွင်း ဖြစ်ပေါ်တိုးတက်စေရေး ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် တရုတ်နိုင်ငံ နှင့် မဲခေါင်ဒေသခွဲနိုင်ငံများအကြား လက်ချင်းချိတ်၍ ကြိုးပမ်းသွားမည်ဖြစ်ကြောင်း မဲခေါင်မြစ်ကော်မရှင်(MRC) မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကိုလံဘို ၊ ဧပြီ ၂ ရက်(ဆင်ဟွာ)

ဒုတိယကမ္ဘာစစ်အတွင်း သီရိလင်္ကာနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်း Trincomalee ဆိပ်ကမ်း၌ နစ်မြုပ်ခဲ့သော ဗြိတိသျှစစ်သင်္ဘော အက်စ်အက်စ်စကိုင်း(SS Sagaing) အား အချိန် ၇၅ နှစ်ကြာပြီးနောက် သီရိလင်္ကာရေတပ်၏ ရေငုပ်အဖွဲ့တစ်ခုက ဆယ်ယူနိုင်ခဲ့ကြောင်း သီရိလင်္ကာရေတပ် သတင်းပြန်ကြားရေးက ဧပြီလ ၁ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

နယူးဒေလီ၊ဧပြီ၁ (ဆင်ဟွာ)

အိန္ဒိယနိုင်ငံအလယ်ပိုင်း၊ မက်ဟာပရာဒက်ရှ် ပြည်နယ်တွင် မတ်လ ၃၁ ရက်ညက အဆောက်အအုံ တစ်ခုပြိုကျခဲ့ရာဧပြီလ ၁ ရက်နံနက်၌သေဆုံးသူ ၁၀ ဦးအထိမြင့်တက်လာကာကယ်ဆယ်ရေးအသင်း များအနေဖြင့် သေဆုံးသူများ၏အလောင်းများနှင့် အသက်ရှင်ကျန်ရစ်သူများကို တွေ့ရှိနိုင်ရေးအပြင်း အထန်ကြိုးစားလျက်ရှိကြကြောင်းသိရသည်။

ဟနွိုင်း ၊ ဧပြီ ၁ ရက် (ဆင်ဟွာ)

ဗီယက်နမ် နိုင်ငံ မြို့တော် ဟနွိုင်း တွင် ကျင်းပ ပြုလုပ် ခဲ့သည့် မဟာ မဲခေါင် ဒေသခွဲ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (GMS) ဆဋ္ဌမ အကြိမ်မြောက် ထိပ်သီး အစည်းအဝေး သည် မတ်လ ၃၁ ရက်နေ့ ၌ ပြီးဆုံးခဲ့ပြီး အစည်းအဝေး မှ "၂၀၂၂ ခုနှစ် ဒေသတွင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဘောင်" အပါအဝင် သဘောတူညီချက် နှင့် အောင်မြင်မှု ရရှိခဲ့သည်။

ဘန်ကောက်၊မတ်လ ၃၁(ဆင်ဟွာ)

ထိုင်းနိုင်ငံအစိုးရတာဝန်ရှိသူတစ်ဦးကထိုင်းနိုင်ငံတွင် မြို့တော်ဘန်ကောက်နှင့် နိုင်ငံမြောက်ဘက်ရှိ ချင်းမိုင် မြို့၊အရှေ့မြောက်ဘက်ရှိနွန်ခိုင်းမြို့၊အရှေ့တောင်ဘက်ရှိ ရာရွန်မြို့နှင့် တောင်ဘက်ရှိ ပါဒန် ဘီဆာမြို့ တို့ကိုဆက်သွယ်မည့် မြန်နှုန်းမြင့်ရထားလမ်းအရှည် ၂,၅၀၆ ကီလိုမီတာ အား ၂၀၃၆ ခုနှစ် နောက်ဆုံး ထား၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။