တိုကျို၊ မေ ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံနှင့် တောင်ကိုရီးယားနိုင်ငံတို့သည် စွမ်းရည်ပူးပေါင်းဆောင်ရွက်မှု၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ သဘာဝဘေး စီမံခန့်ခွဲမှုနှင့် စွမ်းအင်ချွေတာရေး စသည့်နယ်ပယ်များ၌ ပူးတွဲစီမံကိန်းများကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုသစ်ဖြင့် လုပ်ဆောင်သွားသင့်ကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က မေလ ၉ ရက်တွင် ပြောကြားလိုက်သည်။

အစ္စလာမ်မာဘတ်၊ မေ ၉ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ မြို့တော် အစ္စလာမ်မာဘတ်နှင့် နိုင်ငံ၏ အနောက်မြောက်ဘက်ရှိ Khyber Pakhtunkhwa ပြည်နယ်နှင့် ပန်ဂျပ်ပြည်နယ် အရှေ့ပိုင်းတို့တွင် မေလ ၉ ရက် နံနက်ပိုင်းက အင်အား ၅.၅ ရစ်ချ်တာစကေး ရှိသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း ဒေသခံ မိုးလေဝသရုံးက ပြောကြားခဲ့သည်။

နယူးဒေလီ၊ မေ ၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံပိုင် ရထားဝန်ထမ်းများအဖွဲ့သည် လစာပိုမိုရရှိရန် နှင့် အစိုးရက နိုင်ငံတော်ပို့ဆောင်ရေးလုပ်ငန်း အား ပုဂ္ဂလိကပိုင်အဖြစ် ပြောင်းလဲရန် ကြိုးပမ်းမှုတစ်ခုကို ဆန့်ကျင်သည့် အနေဖြင့် မေ ၈ရက်မှ စ၍ ၃ရက်ကြာ အစာငတ်ခံဆန္ဒပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဖနွမ်းပင်၊ မေ ၇ ရက် (ဆင်ဟွာ)

ကမ္ဘောဒီးယားနိုင်ငံ အရှေ့ပိုင်း Kratie ပြည်နယ် တွင် ညစ်ညမ်းဝိုင်များ နှင့် မသန့်ရှင်းသောရေများကို သောက်မိ၍ အနည်းဆုံးရွာသား ၁၁ဦးသေဆုံးပြီး အခြားလူ ၁၃၈ဦး ဆေးရုံတက်ခဲ့ရကြောင်း ကျန်းမာရေးဝန်ကြီးဌာန က မေ ၇ရက်တွင် ထုတ်ပြန်ခဲ့သည်။

နယူးဒေလီ၊ မေ ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ် တွင် မေ ၆ရက်က အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင် (BSF) တစ်ဦး သည် ၎င်း၏ ရိုင်ဖယ်သေနတ်ဖြင့် လုပ်ဖော်ကိုင်ဖက်စစ်သား ၃ဦးအား ပစ်သတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ်၊ မေ ၇ ရက် (ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံ အရှေ့ပိုင်း ပန်ဂျပ်ပြည်နယ် တွင် မေ ၆ ရက် ညနေပိုင်းက စုဝေးပွဲတစ်ခုအတွင်း ဖြစ်ပွားခဲ့သော လုပ်ကြံမှုတစ်ခု၌ ပြည်ထဲရေးဝန်ကြီး Ahsan Iqbal သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားခဲ့သည်။

ဆိုးလ်၊ မေ ၅ ရက် (ဆင်ဟွာ)

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်သည် မြောက်ကိုရီးယားနိုင်ငံနှင့် အမေရိကန်နိုင်ငံအကြားပြုလုပ်မည့် ထိပ်သီးအစည်းအဝေး အတွက် သမ္မတ ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံဆွေးနွေးရန် အမေရိကန်နိုင်ငံသို့ သွားရောက်မည်ဖြစ်ကြောင်း တောင်ကိုရီးယားနိုင်ငံ အိမ်ပြာတော်က မေလ ၅ ရက်တွင် ပြောကြားလိုက်သည်။

နယူးဒေလီ၊ မေ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘောလီးဝုဒ် အကျော်အမော် သျှရီဒေဝီ ကာပူးရ် (Sridevi Kapoor) သည် ၎င်း၏ နောက်ဆုံးရုပ်ရှင်ဇာတ်ကားဖြစ်သော Mom တွင် ပါဝင်သရုပ်ဆောင်ခြင်းဖြင့် ယခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုအား ကွယ်လွန်ပြီးမှ ရရှိခဲ့ကြောင်း သိရသည်။

နယူးဒေလီ ၊ မေ ၄ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ သတင်းမီဒီယာ များ၏ ဖော်ပြချက်အရ မေလ ၃ ရက်နေ့ ၌ နိုင်ငံ အရှေ့ပိုင်း Bihar ပြည်နယ် တွင် ခရီးသည် တင် ဘက်စ်ကား တစ်စင်း တိမ်းမှောက် ပြီးမီလောင်ကျွမ်းခဲ့ရာ လူပေါင်း ၂၇ ဦး သေဆုံး ခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

ဆိုးလ် ၊ မေ ၅ ရက်(ဆင်ဟွာ)

မြောက်ကိုရီးယားနိုင်ငံ နှင့် အမေရိကန်နိုင်ငံတို့အကြား ထိပ်သီးဆွေးနွေးပွဲမကျင်းပမီ တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်၏ ထိပ်တန်း အမျိုးသားလုံခြုံရေးအကြံပေး Chung Eui-yong သည် အမေရိကန်နိုင်ငံသို့သွားရောက်ခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံသမ္မတအိမ်ပြာတော်က ယနေ့မေလ ၅ ရက်တွင် ပြောကြားသည်ဟု ဒေသခံမီဒီယာက ရေးသားဖော်ပြခဲ့သည်။