18
Wed, Sep
512 New Articles
ဖနွမ်းပင်၊ ဇူလိုင်လ ၅ ရက်(ဆင်ဟွာ)
အမေရိကန်ပြည်ထောင်စု သို့တရားမဝင်ပြောင်းရွှေ့နေထိုင်ခဲ့ကြသော ကမ္ဘောဒီးယားနိုင်ငံသား ၃၇ ဦး ကိုအမေရိကန်အစိုးရကပြည်နှင်ဒဏ်ပေးခဲ့ပြီးနောက်ဇူလိုင်လ ၄ ရက်က ဖနွမ်းပင်မြို့တော်သို့ပြန်လည် ရောက်ရှိလာကြကြောင်း ကမ္ဘောဒီးယားရဲတပ်ဖွဲ့ အဆင့်မြင့်ရဲအရာရှိတစ်ဦးက ဇူလိုင် ၅ ရက်တွင်ပြော ကြားခဲ့သည်။
အစ္စလာမ်မာဘတ်၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)
ခရီးသည် ၅၀ ခန့် တင်ဆောင်လာသောရေယာဉ် တစ်စီးသည် ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Khyber Pakhtunkhwaပြည်နယ်ရှိ Tarbelaရေကန်တွင် ဇူလိုင် ၃ ရက်က တိမ်းမှောက်နစ်မြုပ်မှုဖြစ်ပွားခဲ့ရာ လူ ၈ ဦးသေဆုံးပြီး လူအများအပြား ပျောက်ဆုံး လျက်ရှိကြောင်း ပါကစ္စတန် မီဒီယာများ၏ ဇူလိုင် ၄ ရက် သတင်းများအရ သိရသည်။ 
တိုကျို၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)
ဂျပန်နိုင်ငံ တောင်ပိုင်း Kyushuတွင် ရက်ဆက်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၆ သိန်း နီးပါး ဘေးကင်းရာနေရာသို့ ရွှေ့ပြောင်းပေးရန် ဒေသခံအာဏာပိုင်များက ဇူလိုင် ၃ ရက်တွင်  သတိပေးထားကြောင်း သိရသည်။ 
မနီလာ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)
မက်ထရိုမနီလာမြို့ တော်၏ အရှေ့ ဘက် Pasig မြို့ ၌ ဇူလိုင် ၃ ရက်တွင် ကျင်းပသည့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ(ဟောင်း) ဖာဒီနန်မားကိုစ့်၏ ဇနီး အီမယ်လ်ဒါ မာကို့စ် (Imelda Marcos) ၏ အသက် ၉ဝ ပြည့် မွေးနေ့ ပါတီတွင် ကျွေးမွေးသော မသန့် ရှင်းသည့် နေ့ လည်စာကို စားသုံးမိပြီးနောက် အဆိပ်မိ ဖျားနာသူပေါင်း အနည်းဆုံး ၂၆ဝ ဦးထိ ရှိလာကြောင်း ရဲတပ်ဖွဲ့ နှင့် ကျန်းမာရေးအရာရှိများက ဆိုသည်။
နယူးဒေလီ ၊ ဇူလိုင် ၄ ရက်(ဆင်ဟွာ)
အိန္ဒိယနိုင်ငံ၏ အဓိကအတိုက်အခံပါတီ ဖြစ်သော ကွန်ဂရက်ပါတီ၏ ဥက္ကဋ္ဌ ရာဟူးလ်ဂန္ဒီ(Rahu Gandhi) သည်ပါတီခေါင်းဆောင်ရာထူးမှ နုတ်ထွက်ကြောင်း ဇူလိုင် ၃ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
မနီလာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ မက်ထရို မနီလာမြို့တော်၏အရှေ့ဘက် Pasig မြို့တွင် ဇူလိုင်လ ၃ ရက်က သမ္မတဟောင်း ဇနီး အီမယ်လ်ဒါ မာကို့စ် (Imelda Marcos) ၏ နှစ် ၉၀ ပြည့်မွေးနေ့ပါတီ ကျင်းပနေစဉ် ပါတီပွဲဥို့ တက်ရောက်လာသူများအနက် လူ ၈၀ ကျော် အစာအဆိပ်သင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မွမ်ဘိုင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်၊ ရတ်နာဂီရိခရိုင်၊ Chiplun မြို့ရှိ ဆည်ငယ်တစ်ခု ဇူလိုင်လ ၂ ရက်ညပိုင်းက ကျိုးကျမှုကြောင့် လူ ၂ ဦးသေဆုံးကာ အခြားလူ ၂၂ ဦးပျောက်ဆုံးနေကြောင်း သိရသည်။
ဒါကာ၊ ဇူလိုင် ၂ ရက် (ဆင်ဟွာ) 
ဘင်္ဂလားဒေ့ရှ်နိုင်ငံဝန်ကြီးချုပ် ရှိတ်ဟာဆီနာ(Sheikh Hasina)သည် တရားဝင်ခရီးစဉ် အဖြစ် ဇွန် ၁ ရက် တွင် တရုတ်နိုင်ငံသို့ ထွက်ခွာခဲ့ပြီး၊ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း တာ့လျန်မြို့ တွင်ကျင်းပမည့် ၁၃ ကြိမ်မြောက် နွေရာသီ Davos ဖိုရမ် ကို တက်ရောက်ရန်ရှိကြောင်း သိရသည်။ 
ကိုလံဘို ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)
သီရိလင်္ကာနိုင်ငံတောရိုင်းတိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဌာန(DWC) က နိုင်ငံအတွင်း ဆင် နှင့် လူ ပဋိပက္ခများ လျော့ပါးစေရန် ရည်ရွယ်၍ တောဆင်ရိုင်းများ၏ ခန္ဓာကိုယ်ထဲတွင် လမ်းပြမြေပုံစနစ်(GPS) ကို ထည့်သွင်းသွားမည်ဖြစ်ကြောင်း ဇူလိုင် ၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဒါကာ ၊ ဇူလိုင် ၂ ရက်(ဆင်ဟွာ)