27
Mon, May
580 New Articles

ဟနွိုင်း ၊ မေ ၁၃ ရက်(ဆင်ဟွာ)

ကုလသမဂ္ဂဗုဒ္ဓနေ့ ဖွင့်ပွဲအခမ်းအနားကို ဗီယက်နမ်နိုင်ငံ မြောက်ပိုင်း ဟနမ်ပြည်နယ်တွင် မေ ၁၂ ရက်က စတင်ဖွင့်လှစ်ခဲ့ကြောင်း ၊ အဆိုပါအခမ်းအနားသို့ ကမ္ဘာ့ နိုင်ငံပေါင်း ၁ဝဝ ကျော်နှင့်ဒေသများမှ နိုင်ငံတကာကိုယ်စားလှယ်ပေါင်း ၁,၆၅ဝ ကျော်တက်ရောက်လာခဲ့ကြောင်း သိရသည်။

ရာဘတ် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

မော်ရိုကို ရေတပ် ၏ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ က မေလ ၁၀ ရက် ညပိုင်း အချိန် မှ စတင်၍ ၁၁ ရက် နံနက်ပိုင်း အချိန်ထိ မြေထဲပင်လယ် ၌ တရားမဝင် နိုင်ငံ ဖြတ်ကျော် ရွှေ့ပြောင်းသွားလာသူ ၁၁၇ ဦး အား ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း သတင်းဖော်ပြချက် အရ သိရှိခဲ့ရသည်။

နယူးဒေလီ ၊ မေ ၁၂ ရက် (ဆင်ဟွာ)

အိန္ဒိယ နိုင်ငံ Andhra ပြည်နယ် တွင် မေလ ၁၁ ရက် ၌ ယာဉ်မတော်တဆမှု တစ်ခု ဖြစ်ပွား ခဲ့ပြီး အနည်းဆုံး ၁၅ ဦး သေဆုံး ခဲ့ကြောင်း သိရှိရသည်။

ဘန်ကောက် ၊ မေ ၁၂ ရက် (ဆင်ဟွာ)

ထိုင်း နိုင်ငံ ဝန်ကြီးချုပ်ရုံး ၏ မေလ ၁၀ ရက် ညပိုင်း ထုတ်ပြန်ခဲ့သည့် ကြေညာချက် အရ ထိုင်း နိုင်ငံ အစိုးရ အဖွဲ့ မှ ဝန်ကြီး ၁၅ ဦး က လတ်တလောရက်ပိုင်း အတွင်း ရာထူး မှ နုတ်ထွက်မည် ဖြစ်ကြောင်း ဖော်ပြထားပြီး ထိုင်း နိုင်ငံ သတင်း မီဒီယာ များ၏ ဖော်ပြချက် အရ ၄င်းတို့ က အထက်လွှတ်တော် လွှတ်တော်အမတ်များ အဖြစ် တာဝန်ယူ သွားမည် ဖြစ်ကြောင်း သိရှိရသည်။

ဟနွိုင်း ၊ မေ ၁၂ ရက်(ဆင်ဟွာ)

ဗီယက်နမ် နှင့် မြန်မာ နိုင်ငံ တို့ သည် ရေတပ် ၊ စစ်ဆေးဘက်ဆိုင်ရာ ၊ စစ်လက်နက် ၊ သယ်ယူပို့ ဆောင်ရေး ၊ ကယ်ဆယ်ရေး နှင့် ရှာဖွေရေး ၊ ဒေသတွင်း နှစ်နိုင်ငံနှင့်သက်ဆိုင်သော ရာဇဝတ်မှုတိုက်ဖျက်ရေးကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများတိုးချဲ့ ဆောင်ရွက်သွားရန် မေ ၁၁ ရက်တွင် သဘောတူညီခဲ့ကြကြောင်း သိရသည်။

ဘန်ကောက်၊ မေ ၁၁ရက် (ဆင်ဟွာ)

 

ထိုင်းနိုင်ငံဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ(Prayut Chan-o-cha) က ထိုင်းနိုင်ငံ ဘုရင် မဟာ ဗီဂျီရာလောင်ကွန်း(Maha Vajiralongkorn) ထံသို့ အထက်လွှတ်တော်အမတ်၂၅၀ ၏ စာရင်းအား တင်ပြပြီးဖြစ်ကြောင်း ထိုင်းနိုင်ငံအစိုးရ၏ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ Thaksada Sangkhachan က မေလ ၁၀ ရက်တွင် ပြောခဲ့သည်။ 

နယူးဒေလီ၊ မေ ၁၀ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံဘက်ကထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ Sopore ခရိုင်တွင် ရင်ဆိုင်တိုက်ပွဲတစ်ခုဖြစ်ပွားခဲ့ရာ အလိုရှိဆုံး အကြမ်းဖက်သမား ဇာကာမူဆာ (Zakir Moosa) ၏ အနီးကပ်လက်ထောက်တစ်ဦးဖြစ်သူ အိုင်အက်စ်တပ်မှူး အစ္စရှ်ဖက် အာမတ် ဆိုဖီ (Ishfaq Ahmad Sofi)  သေဆုံးသွားခဲ့ကြောင်း အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့က မေလ ၁၀ ရက်တွင် ပြောကြားခဲ့သည်။

တိုကျို ၊ မေ ၁၀ ရက် (ဆင်ဟွာ)

ဂျပန် နိုင်ငံ Miyazaki စီရင်စု တွင် မေလ ၁၀ ရက် နံနက်ပိုင်း အချိန် ၌ ပြင်းအား ၆.၃ အဆင့်ရှိ ငလျင် လှုပ်ခတ် ခဲ့ပြီး ဒေသအများအပြား တွင် ပြင်းထန်စွာ လှုပ်ခတ်မှု ဖြစ်ပွား ခဲ့ကာ လက်ရှိချိန်တွင် ပျက်စီး ဆုံးရှုံးမှု နှင့် သေဆုံး ဒဏ်ရာရရှိမှု စာရင်း မထွက်ရှိသေးကြောင်း သိရှိရသည်။

မွမ်ဘိုင်း၊ မေ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မဟာရက်ရှ်ထရာပြည်နယ် Pune မြို့ Urali Devachi ရပ်ကွက်ရှိ အဝတ်အထည်ဆိုင်တစ်ခုတွင် မေလ ၉ ရက် နံနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကိုလံဘို ၊ မေ ၈ ရက်(ဆင်ဟွာ)

သီရိလင်္ကာ နိုင်ငံသို့ ဧပြီလ အတွင်း ကမ္ဘာလှည့် ခရီးသည် ၁၆၆,၉၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း ၊ ပြီးခဲ့သော အီစတာ ပွဲတော်နေ့ တွင် ဖြစ်ပွားခဲ့သည့် ဗုံးပေါက်ကွဲမှုများကြောင့် ကမ္ဘာလှည့် ခရီးသည်များက ခရီးစဉ်ပေါင်း များစွာကို ဖျက်သိမ်းခဲ့သဖြင့် နိုင်ငံ အတွင်း ခရီးသည် ၀င်ရောက်မှုသည် ယခင်နှစ် အလားတူ ကာလ နှင့် နှိုင်းယှဉ်ပါက ၇.၅ ရာခိုင်နှုန်း ကျဆင်း သွားခဲ့ကြောင်း သီရိလင်္ကာ ခရီးသွား လုပ်ငန်း မြှင့်တင်ရေး အာဏာပိုင်အဖွဲ့(SLTDA) က တရားဝင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။