ဂျာကာတာ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ် အနီး ပင်လယ်ပြင်တွင် စက်တင်ဘာ ၂၂ ရက် နံနက်ပိုင်း က အင်အား ၆.၄ အဆင့် အင်အားပြင်းငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှားမိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပ အေဂျင်စီကွန်ရက် (BMKG)က ယင်းနေ့တွင် ပြောကြားခဲ့သည်။

အစ္စလာမ်မာဘတ် ၊ စက်တင်ဘာ ၂၂ ရက်(ဆင်ဟွာ)

ပါကစ္စတန်နိုင်ငံမြောက်ပိုင်း Chilas ခရိုင်၌ ယနေ့(စက်တင်ဘာ- ၂၂ ရက်)နံနက်ပိုင်းတွင် ခရီးသည်တင်ဗန်ကား(van)တစ်စီးသည် တောင်ကမူတစ်ခုအား ဝင်တိုက်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူပေါင်း ၂၆ ဦးသေဆုံးပြီး အခြား လူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသတွင်းမီဒီယာက သတင်းဖော်ပြခဲ့သည်။

ဖနွမ်းပင်၊ စက်တင်ဘာလ ၂၀ ရက်(ဆင်ဟွာ)

ကမ္ဘောဒီးယားအစိုးရက နိုင်ငံ၏ ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိသည့် အထည်ချုပ်နှင့်ဖိနပ်လုပ် ငန်းစက်ရုံများတွင် အလုပ်သမားများ၏ လစဉ်အနိမ့်ဆုံးလစာကို လက်ရှိ ၁၈၂ ဒေါ်လာမှ ၄ ဒသမ ၃၉ ရာခိုင်နှုန်း တိုးမြှင့်ကာဒေါ်လာ ၁၉၀ သို့သတ်မှတ်လိုက်ကြောင်းအလုပ်သမားဌာနဝန်ကြီး ဆမ်ဟန် က စက်တင်ဘာလ ၂၀ ရက်ကကြေညာခဲ့သည်။

ဗီယင်ကျန်း၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် လာအိုနိုင်ငံတို့ ပူးတွဲထုတ်လုပ်သော “Champa Blossoms” ရုပ်ရှင်အား စက်တင်ဘာလ ၁၉ ရက်ကစ၍ လာအိုနိုင်ငံတစ်ဝန်း ပြသနေပြီဖြစ်ကြောင်း သိရသည်။

ကိုလံဘို၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

သီရိလင်္ကာနိုင်ငံ ၏ သမ္မတရွေးကောက်ပွဲများကို နိုဝင်ဘာလ ၁၆ ရက် တွင် ကျင်းပမည်ဖြစ်ကြောင်း သီရိလင်္ကာနိုင်ငံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ၁၈ ရက်တွင် ကြေညာခဲ့သည်။

ဂျကာတာ၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ အနောက်ပိုင်း အရှေ့ဂျာဗားပြည်နယ်၌ ပြင်းအား ၆.၁ ရှိသော ငလျင်တစ်ခု စက်တင်ဘာလ ၁၉ ရက်တွင် လှုပ်ခတ်ခဲ့ကြောင်း၊ ဆူနာမီသတိပေးချက် ထုတ်ပြန်ထားခြင်း မရှိကြောင်း မိုးလေဝသနှင့် ဘူမိဗေဒလုပ်ငန်းက ပြောကြားလိုက်သည်။

မနီလာ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းတွင် စက်တင်ဘာလ ၁၈ ရက် မွန်းလွဲပိုင်းက အင်အား ၅.၄ ရှိသော ငလျင်တစ်ခု လှုပ်ရှားသွားကြောင်း ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ပညာရှင်အဖွဲ့ (Phivolcs) က ပြောကြားခဲ့သည်။

နယူးဒေလီ၊ စက်တင်ဘာ ၁၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်ရှိ နေရာများစွာ၌ လွန်ခဲ့သည့် ၂၄ နာရီအတွင်း မိုးကြိုးထိမှန်သဖြင့် ကလေးငယ်အချို့အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့ကြောင်း မီဒီယာသတင်းများ၌ စက်တင်ဘာလ ၁၈ ရက်တွင် ဖော်ပြထားသည်။

တီဟီရန် ၊ စက်တင်ဘာ ၁၈ ရက် ၊

အီရန်အာဏာပိုင်များက စက်တင်ဘာ ၁၇ ရက် ၌ သံသယဖြစ်ဖွယ် သြစတြေးလျလူမျိုး သူလျှို ၃ ဦး အား ဖမ်း ဆီးခဲ့ကြောင်း ၊ အီရန်တရားစီရင်ရေးရုံး က အတည်ပြုခဲ့သည်။

မနီလာ၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) ဥက္ကဋ္ဌ တာခဲဟိကို နာကာအို (Takehiko Nakao) သည် ရာထူးမှ နုတ်ထွက်မည်ဖြစ်ကြောင်း စက်တင်ဘာလ ၁၇ ရက်တွင် ကြေညာလိုက်ပြီး ယင်းသို့နုတ်ထွက်မှုမှာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်၌ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း မနီလာအခြေစိုက် ADB က ကြေညာချက်တွင် ပြောကြားခဲ့သည်။